သံတောင်ကြီးဒေသထွက်သဘာဝပျားရည်များ ဈေးကောင်းရရှိ Read more about သံတောင်ကြီးဒေသထွက်သဘာဝပျားရည်များ ဈေးကောင်းရရှိ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှ ထွက်ရှိသည့် သဘာဝပျားရည်များသည် ဆေးဖက်ဝင်သဘာဝပျားရည်စစ်စစ်ဖြစ်သည့်အတွက် ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်းသိရသည်။
မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ Read more about မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစား ဝန်ထမ်း များ၏ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက် မှစတင်၍ ဆက်လက် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်း လုပ်အားပေးပွဲဆောင်ရွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးလိုက်လံကြည့်ရှုအားပေး Read more about (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်း လုပ်အားပေးပွဲဆောင်ရွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးလိုက်လံကြည့်ရှုအားပေး ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ နယ်မြေရဲစခန်းအသီးသီးတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ ၂၀ နံနက်ပိုင်းက ဘားအံမြို့၊ မြိုင်သဇင်ဘုန်းတော်ကြီးကျောင်းပရိဝုဏ်၌ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသိန်းဦးစီး၍ ပြည်သူ့အကျိုးပြု စုပေါင်းလုပ်အားပေးပွဲကို ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဘားအံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်းသို့ ကွင်းဆင်းကြည့်ရှု Read more about ဘားအံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်းသို့ ကွင်းဆင်းကြည့်ရှု နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေရယူပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသော ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာရှိ ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်း၏အသင်းသား ဦးမောင်မောင်ကျော်ဆန်စက်သို့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့် Read more about လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းက ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့ကက်သလစ်ဓမ္မာရုံ၌ ကျင်းပသည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင်စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ် Read more about သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင်စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် စက်တင် ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီက ပန်းချီပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်း ဒုတိယအကြိမ်ဖွင့်လှစ် Read more about ဘားအံမြို့တွင် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်း ဒုတိယအကြိမ်ဖွင့်လှစ် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဒီဂျစ်တယ် အသိပညာ၊ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်း(ဒုတိယအကြိမ်) ဖွင့်လှစ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(ဘားအံမြို့)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ Read more about လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကလေးသူငယ်များအနေဖြင့် ရရှိရထိုက်သော အခွင့်အရေးများကို ပြည့်ဝစွာရရှိနိုင်ရန်အတွက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရွေးကောက်ပွဲဆိုင်ရာများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေး ဆောင်ရွက် Read more about လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရွေးကောက်ပွဲဆိုင်ရာများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေး ဆောင်ရွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကွင်းဆင်း၍ဆောင်ရွက်ပေးလျက်ရှိသည်။
မြဝတီမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ Read more about မြဝတီမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ကျောင်းသားလူငယ်များဗလငါးတန်းဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကရင် ပြည်နယ်၊ မြဝတီခရိုင်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက အမှတ် (၄)၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် မွန်းလွဲ ၁ နာရီက မှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြသည်။