ဘားအံမြို့နယ် ကော့ကဒါကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဘားအံ ဇွန် ၄

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID (Unique Identity) ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘားအံမြို့နယ်၊ ကော့ကဒါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျောင်းသား(၂၅)ဦး၊ ကျောင်းသူ(၅၂)ဦး၊ စုစုပောင်း(၇၇)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် e-IDဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)