ကရင်ပြည်နယ်

ကမမောင်းမြို့တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်ကို ယမန်နေ့နံနက်ပိုင်းက ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်သည်။

သံတောင်ကြီး ဒေသထွက် မျှစ်ချဉ်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်း အလေ့အထပေါက်သည့် မျှစ်များကို တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန် မျှစ်ချဉ်များ ပြုလုပ်ကြသည်။

လိပ်သိုဒေသထွက် ငရုပ်သီးခြောက်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် တောင်ပေါ်ကုလားအော်ငရုပ်သီးမျိုးများကို ဒေသခံတောင်သူများက အဓိကထားစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းလျက် ရှိသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် လှိုင်းဘွဲမြို့နယ်ရှိ မဲရုံများအတွက် မဲပေးစက်များထုတ်ယူ

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၆ ခုနှစ်ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အတွက် မဲပေးစက်များကို ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများမှ တာဝန်ရှိသူများက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် ယနေ့နံနက်ပိုင်းက လာရောက်ထုတ်ယူလျက်ရှိကြသည်။

ဘားအံတက္ကသိုလ်တွင် ဆောင်းရာသီအားကစားပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ မဲပေးစက်အသုံးပြုပုံ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် မဲပေးခွင့် အခွင့်အရေး ပြည့်ဝစွာ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာဘာသာ၊  ကရင်(စကော)၊ ကရင်(ပိုး)၊ မွန်ဘာသာ၊ ပအိုဝ်းဘာသာတို့ဖြင့် ရေးသားဖော်ပြထားသည့် မဲဆန္ဒပေးရာတွင် သိရှိလိုက်နာရန်အချက်များ၊ သတိပေးတားမြစ်ချက်များ၊ EVM စက်ဖြင့် ဘယ်လိုမဲပေးကြမလဲ၊ မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် စသည်တို့ ပါဝင်သော လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရုံသာမက စဉ်းစားတွေးခေါ်နိုင်စေရန် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ချစ်စံဝင်း ရေးသားသော “ထားရှိရမည့်သဘောထား” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း ကြိုတင်ဆန္ဒမဲပေးမှုကို ကြည့်ရှုအားပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း(ကရင်ပြည်နယ်တာဝန်ခံ)သည် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် အတူရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပပြုလုပ်မည့် လှိုင်းဘွဲမြို့နယ်သို့ သွားရောက်၍ သက်ဆိုင်ရာလွှတ်တော်နည်းဥပဒေ (၆၃) ပါ ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်၌ မဲဆန္ဒနယ်အတွင်းရှိသော်လည်း မဲရုံသို့ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သော မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုနှင့် စနစ်တကျ ဖြစ်စေရန်အတွက် ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေအား ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီက ကြည့်ရှုအားပေး၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့အား လိုအပ်သည်များကို ကြပ်မတ်လမ်းညွှန်ဆောင်ရွက်ပေးခဲ့သည်။

လှိုင်းဘွဲမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးဆွေးနွေး

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို လှိုင်းဘွဲမြို့နယ်အတွင်း အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီက လှိုင်းဘွဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်