ကရင်ပြည်နယ်

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်ဆုတောင်းဝတ်ပြုပွဲ ပြုလုပ်

ခရစ်သက္ကရာဇ် (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်အကြို ဆုတောင်းဝတ်ပြုပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပရာ သိက္ခာတော်ရဘုန်းတော်ကြီး Rev.Fr မာတင်ဝင်းဦး၏ အဖွင့် ဆုတောင်းမေတ္တာနှင့် Grade-8 နှင့် Grade-9 မှ ကျောင်းသား/ကျောင်းသူတို့၏ “ လောကဝမ်းမြောက် ဘုရားကြွလာ” သီချင်းဖြင့် အခမ်းအနားကို စတင်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ မူ (လွန်) မိုးနိုင်းကျောင်း၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်  ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ မူ(လွန်) ညာပရောကျောင်း၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်  ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးအုပ်စု ညာပရောကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် နွားများသေဆုံးမှုကို ပြန်လည်ဖြည့်ဆည်းရေးအတွက် တိရစ္ဆာန်နှင့်ဆေးများ ထောက်ပံ့

ကရင်ပြည်နယ်အတွင်း ယခုနှစ် ဇူလိုင်လတွင်တစ်ကြိမ်၊ စက်တင်ဘာလတွင်တစ်ကြိမ် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေချောင်းရေကြီးခြင်းနှင့်အတူ ရေကြီးရေလျှံ သဘာဝဘေးဒဏ်ကြောင့် လူနှင့်တိရစ္ဆာန်များ ရေဘေးဒဏ်ခံစားခဲ့ရပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီက နွားများသေဆုံးမှုကို ပြန်လည်ဖြည့်ဆည်းရေးအတွက် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ တိရစ္ဆာန်နှင့် ဆေးများထောက်ပံ့ပေးအပ်ခဲ့သည်။

လိပ်သိုမြို့တွင် အသင်းတော်အခြေပြု ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေး (ECCD) ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်

ဂေခိုဂေဘားနှစ်ခြင်းသာသနာ လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲက အသင်းတော်အခြေပြုကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေး (ECCD) ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာသိကောင်းစရာ အသိပညာပေးတိုးမြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ လမ်းအသုံးပြုသူ မော်တော်ယာဉ်၊  မော်တော်ဆိုင်ကယ် မောင်းနှင်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများ သိရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေဖားစည် (မိုတယ်) ၌ အမှတ် (၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဟောပြောပေးခဲ့ရာ  ရွှေမြဇော်စင်းလုံးငှားသုံးဘီးယာဉ်အသင်းသား ၆၅ ဦး တက်ရောက်ကြသည်။

သံတောင်ကြီးဒေသထွက် ရာသီစာ ဒရင်ကောက်ပင်များ လိုက်လံချိုးယူရောင်းချသူများပိုများလာ

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးဒေသသည်‌  တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအချိန်တွင် အလုပ်အကိုင်များ ရှားပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ဥယျာဉ်ခြံအတွင်းရှိ ချောင်းငယ်များ၏ ဘေးပတ်ဝန်းကျင်တစ်လျောက်နှင့် လယ်ကွက်များတွင် သဘာဝအတိုင်း ပေါက်‌ရောက်သည့် ဒရင်ကောက်ပင်များကို လိုက်လံချိုးယူရောင်းချသူများ ပိုများလာကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ  ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ  ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်