ကရင်ပြည်နယ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် ပြသ

ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ယာဉ်/လမ်း အန္တရာယ်နှင့်ပတ်သက်ပြီး သိရှိလိုက်နာနိုင်ကြစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ကရင်ပြည် နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းလုပ်ငန်းများအား စတင်လက်ခံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံလက်ခံခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် အခြေခံပညာကျောင်းများ အသီးသီး၌ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး တိုးမြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများ Quick Win အစီအမံငါးရပ်အား တိကျစွာ လိုက်နာဆောင်ရွက်မှု ရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းကို  ယနေ့နံနက် ၁၀:၀၀ နာရီက အမှတ်(၄) ရပ်ကွက် မြေနီကုန်း လမ်းဆုံမီးပွိုင့်နှင့် မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးရှေ့တို့၌ ဆောင်ရွက်သည်။          

လိပ်သို​ဒေသတွင် ချင်းပင်များ  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် တောင်သူများမှာ နှစ်ရှည်ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းအပြင် သဘာဝတောတောင်၊ ရေမြေနှင့်ကိုက်ညီ သည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ မိုးဦးကျကာလ၌ ချင်းပင်များ စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝန်း ပလပ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး ပူးပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဟူသည့် ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက မြဝတီမြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သံတောင်ကြီးဒေသထွက် ပေါ်ဦးပေါ်ဖျားတညင်းသီးများဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံ ပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ လက်ဖက်၊ ကော်ဖီ၊ ရော်ဘာဖာလာ၊ ဒူးရင်း၊ မင်းကွတ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တညင်းပင်များကို တစ်ပိုင်တစ်နိုင်စီးပွားရေးအဖြင့် စိုက်ပျိုးကြပြီး ယခုနှစ်ပေါ်ဦးပေါ်ဖျားတညင်းသီးများဈေး ကောင်းရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏အောင်မြင်ဖို့အချိန်စာအုပ်အား ယနေ့နေ့နံနက် (၉) နာရီအချိန်က Community  Centre ခန်းမ၌  စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏အောင်မြင်ဖို့အချိန်စာအုပ်အား ယနေ့နေ့နံနက် (၉) နာရီအချိန်က Community  Centre ခန်းမ၌  စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့်စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ သန်းထွန်း(စကု) ရေးသားသော “အရှက်နှင့် ကိုယ်ကျင့်သိက္ခာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၌ အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်း ဆွေးနွေးပွဲကို မေလ ၁၈ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၅) ရပ်ကွက်ရှိ အမှတ် (၃) ခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to ကရင်ပြည်နယ်