လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာ၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပေးဆွေးနွေးပွဲနှင့် စူပါဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်းလက်တွေ့ကွင်းဆင်းပြသပေး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ခုနှစ်အတွက် မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲနှင့် စူပါဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်း အဆင့်ဆင့်လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကွမ်တာကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။