ကရင်ပြည်နယ်

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး

ကရင်ပြည်နယ်၊ သံလွင်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများနှင့် နှုန်းတင်မြေနုကျွန်းများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တောင်သူများက တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

လိပ်သိုဒေသတွင် ရိုဘတ်စတာ (Robusta) ကော်ဖီသီးများ ရည့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ နှစ်ရှည်သီးနှံပင်ဖြစ်သော ရိုဘတ်စတာကော်ဖီပင်များ ဒေသအခေါ် ကော်ဖီအသေးများကို စီးပွားဖြစ် စိုက်ပျိုးထားကြပြီး ကော်ဖီသီးများရင့်မှည့်ချိန်၌ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မူလတန်းအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် လူမှုရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများအား ရပ်ကွက်၊ကျေးရွာအနှံ့ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆယ်အိမ်စုမှူး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လူမှုရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆယ်အိမ်စုမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ ပုံမှန်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်း နံနက်(၉)နာရီမှ ညနေ(၄:၃၀)နာရီထိ စာအုပ်စာစောင်၊ ရသ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် (၁၂) နာရီ ကျောင်းဆင်းချိန်နှင့် ညနေ(၃:၃၀)နာရီကျောင်းဆင်းချိန်များတွင် ကျောင်းသား/ကျောင်းသူများက စာကြည့် တိုက်တွင်းသို့ စာအုပ်/စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။

မြဝတီခရိုင်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်ပိုမိုမြင့်မာစေရေး လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြော

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍   ယမန်နေ့က အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာဆိုင်ရာ  အသိပညာပေး ဟောပြောသည်။

သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအားကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သော ဖာလာ၊ ကော်ဇီ၊ တညင်း၊ ဒူးရင်းသီး၊ လက်ဖက်စသည့် နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် နှစ်တိုပင်သီးနှံဖြစ်သည့် ငှက်ပျောသီးပင်များကို နှစ်ရှည်ခံပင်များနှင့် ကြားညှပ်၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ငှက်ပျောသီးများကို တစ်နှစ်လျှင် (၃) ကြိမ် ခုတ်ယူနိုင်ပြီး ယခုလတွင် သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအား ကျဆင်းကြောင်း သိရသည်။

ပိုင်ကျုံမြို့ အ.မ.က တနင်းသရောကျောင်း၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးရေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မဲပရကျေးရွာအုပ်စုရှိ အ.မ.က တနင်းသရောကျောင်း၌ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ (၇/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၇/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဘားအံပညာရေးဒီဂရီကောလိပ် ပထမနှစ်သင်တန်းသား၊ သင်တန်းသူများအား မောင်မယ်သစ်လွင် ကြိုဆို

ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် (၄) နှစ် သင်ပညာရေးဒီဂရီကောလိပ် (ပထမ) နှစ်သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်