လိပ်သို မေ ၂၂
ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ယာဉ်/လမ်း အန္တရာယ်နှင့်ပတ်သက်ပြီး သိရှိလိုက်နာနိုင်ကြစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ကရင်ပြည် နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အန္တရာယ်သတိပေး လမ်းညွှန်ချက်များ၊ ကားမောင်းနေစဉ် ဖုန်းပြောတာ ရပ်ပါ၊ ရပ်မျဉ်းကျော်၍ရပ်ခြင်း၊ သတိပေးကာတွန်းပုံများ၊ ခြေလျင်လျှောက်သူများလိုက်နာရန်၊ စက်ဘီးစီးသူများ လိုက်နာရန် စည်းကမ်းများ စသည့် အသိပညာပေးအကြောင်းအရာများပါရှိပြီး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုအား ဒေသနေပြည်သူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် လစဉ်အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်