သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

သံတောင်ကြီး  မေ ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏အောင်မြင်ဖို့အချိန်စာအုပ်အား ယနေ့နေ့နံနက် () နာရီအချိန်က Community  Centre ခန်းမ၌  စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူ က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီးနော်မူအေး(Book Club) အဖွဲ့ဝင်က  စာအုပ်ပါအကြောင်းအရာတွင်  ခေါင်းစဉ်ငယ်ဖြစ်သည့် ကိုးစားနိုင်မှု၊ အောင်မြင်ဖို့အချိန် ၊ အောင်မြင်မှုဆီသို့၊ အောင်ရာအောင်အောင်ကြောင်း၊ အတိတ်နှင့်အနာဂတ် စသည့်အကြောင်း အရာများအား စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီးနော်တဘီ(Youth Club)အဖွဲ့ဝင်က ပေးဆပ်ရတာပျော်စ၊ အဖေ့ကျေးဇူး၊ အကျိုးရှိစွာနားထောင်တတ်ပါစေ၊ ဆုပေးသူနှင့်ဆုရွေးသူ၊ စာပေမျိုးဆက်သစ်များအတွက် စသည့် အကြောင်း အရာများကိုဖတ်ကြားခဲ့ပြီးတက်ရောက်လာသည့် Book  Club / Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ  စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ အောင်မြင်ဖို့အချိန်စာအုပ်ကိုဖတ်ရှုခြင်းဖြင့်မိမိကိုယ် မိမိယုံကြည်မှုရှိမှ ကြီးမားတဲ့အောင်မြင်မှုကို   ရရှိလာစေခြင်း၊ အချိန်ကိုတန်ဖိုးရှိစွာ  အသုံချတတ် လာခြင်းစသည့်အကျိုးကျေးဇူးများရရှိစေပါသည်။

နော်နော်မူ