ဘားအံခရိုင် Community Centre တွင် သတ္တမအကြိမ် နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရေးနှင့် ပန်းချီရေးဆွဲနည်းကို အခြေခံနားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း ၍ နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၅)ကို မတ်လ(၁၁)ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။