လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုဆောင်ရွက်

လိပ်သို ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် တိုက်နယ်ကျန်းမာရေးဆရာမ ဒေါ်မိမိုးမိုးခိုင်က သွေးအားနည်းရောဂါတွင် တွေ့ရှိရသော ရောဂါလက္ခဏာများ၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၊ ရာသီတုပ်ကွေးရောဂါ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မူလတန်းကျောင်းသား၊ ကျောင်းသူ များအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်း၊  မျက်စိအား​ဆေးနှင့် သန်ချဆေးတိုက်ကျွေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားတိုက်ဆေးများ ဝေပေးခြင်း၊ အထွေထွေ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သောဆေးဝါးများကို အခမဲ့တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်