ကရင်ပြည်နယ်

သံတောင်ကြီးမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကျင်းပ

ကရင်တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကရင်သက္ကရဇ်၂၇၆၅ ခုနှစ်၊၂၀၂၅ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့  အခမ်းအနားကို ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့တွင် ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၉ ရက်နေ့နံနက် ၅ နာရီက ကရင်နှစ်ကူးတောင်ထိပ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပဆောင် ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကျိုးစီးပွားအတွက် လူအချင်းချင်းအပေါ် လူကုန်ကူးကာ အမြတ်ထုတ် စီးပွားရှာခြင်းသည် အလွန်ဆိုးရွားကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့နံရံကပ်ပြဘုတ်၌ ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ အခြေခံကင်းထေက်လူငယ်သင်းတန်းဖွင့်

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်လူငယ်ရေးရာကော်မတီတို့မှ ကြီးမှူးကျင်းပသော အခြေခံကင်းထောက်သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။

ဘားအံတက္ကသိုလ်၌ ဆောင်းရာသီဘော်လီဘော အားကစားပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသား/အမျိုးသမီး ဆောင်းရာသီဘော်လီဘောပြိုင်ပွဲကို ဘားအံတက္ကသိုလ် အားကစားခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ် တမန်ချောင်းကျေးရွာအုပ်စုတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပ

ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် တမန်‌ချောင်းကျေးရွာတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲလင်းထွန်း၊ အဖွဲ့ဝင်ဦးသန်းဦးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တမန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကရင်တိုင်ရင်းသားများ တက်ရောက်ကြသည်။

ငပုတောမြို့နယ် တမန်ချောင်းကျေးရွာအုပ်စုတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပ

ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်‌နေ့က ငပုတောမြို့နယ် တမန်‌ချောင်းကျေးရွာတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲလင်းထွန်း၊ အဖွဲ့ဝင်ဦးသန်းဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တမန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကရင်တိုင်ရင်းသားများ တက်ရောက်ကြသည်။

ဘားအံမြို့ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ(တတိယအပတ်) ပါဝင်ဆင်နွှဲကြသူများစည်ကား

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ တတိယအပတ်ကို ယမန်နေ့ နံနက် ၅ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့တွင် စုရပ်ထား၍ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့ ဦးဆောင်၍ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှုံမှုဖိုရမ် ၂၀၂၅ ကို ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိရာ ဖိုရမ်သို့တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ၏ စကားသံများ

ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်

ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ သံလွင်မြစ်ကမ်းနဖူး၊ အမှတ် (၃) ရပ်ကွက်၊ မုန့်ညဈေးတန်းနေရာ၌ ကျင်းပသည်။

ဘားအံမြို့၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ်ရှေ့နှင့် အမှတ် (၃) ရပ်ကွက်၊ မြို့မဘောလုံးကွင်းရှေ့တို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်