လှိုင်းဘွဲ မတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို လစဉ်(၂၁)ရက်နေ့နောက်ပိုင်းတွင် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများကကြီးကြပ်၍ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများထုတ်ယူရာတွင် စနစ်တကျရှိစေရေး၊ လိုအပ်သော အချက်အလက်များအား မှန်ကန်စေရေးအတွက် နံနက် (၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ ထုတ်ပေးလျက်ရှိပြီး လှိုင်းဘွဲမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း(၁၂၀၀)ဦးကျော်ရှိကြောင်း၊ ရပ်ဝေး ပင်စင်စား အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို လာရောက်ထုတ်ယူရာတွင် ပိုမိုလွယ်ကူအဆင်ပြေချောမွေ့စေရန်အတွက် ပင်စင်လစာများကို လစဉ်(၂၁)ရက်နေ့နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် ပုံမှန်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။
စောဒိ(ပြန်/ဆက်)