Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟင်္သာတ တက္ကသိုလ်တွင် (၁၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမတွင် (၁၉) ကြိမ်မြောက် (နေ့သင်တန်း) ဘွဲ့နှင်းသဘင် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် တစ်ကြိမ် မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွားတု(အံပုံ)များ အခမဲ့တပ်ဆင်ပေးနေမှုကို ကြည့်ရှုအားပေး
Feb 18,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အံပုံများ အခမဲ့တပ်ဆင်ပေးခြင်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တိုင်းဒေသကြီး ကုတင်(၅၀၀)ဆံ့ ဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အံပုံများအခမဲ့တပ်ဆင်ပေးနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကာကွယ်ရေး စစ်ဆေး
Feb 18,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ (၁၆) ရက်၊ နံနက်(၁၀)နာရီက အ.ထ.က (ရွာငံ)၌ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်၌ ဆင်းရွှေကြာ(၂) နေကြာမျိုးထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းမှုနှင့် တတိယသီးနှံ (၇၂)ရက်သ…
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နေ့လည် ၁၂နာရီခွဲအချိန်တွင် ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာအုပ်စု၊ ကြာဖြူကျေးရွာ တောင်သူဦးဝင်းဗိုလ်၏ ကွင်းအမှတ် (၁၀၀၀/က)၊ ဦးပိုင်အမှတ် ၁၇(က/၁၂)၊ လယ်မြေ(၅.၀)ဧကတွင် ဆင်းရွှေကြာ(၂) နေကြာမျိုးထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းမှုအား ကြည့်ရှုအားပေးခဲ့ရာ အစိုပျမ်းမျှအထွက်နှုန်း(၇၂)တင်းခန့်၊ အခြောက်ပျမ်းမျှအထွက်နှုန်း(၆၅)တင်းခန့်ထွက်ရှိရာ နေကြာပွင့်အချင်း ၅ လက်မမှ ၆ လက်မတွင် နေကြာစေ့ ၇၀၀ မှ ၈၀၀ ခန့်၊ နေကြာပွင့် အချင်း ၆ လက်မမှ ၇ လက်မတွင် နေကြာစေ့ ၈၀၀ မှ ၉၀၀ ခန့်၊ (၇)လက်မနှင့်အထက်တွင် နေကြာစေ့ ၁၂၀၀ မှ ၁၃၀၀ ခန့်ထွက်ရှိကြောင်း၊ (၁)ဧကတွင် (၅)လက်မအောက်နေကြာအခွက်ရေပေါင်း ၇၀၀၀ ခန့် (၅)လက်မနှင့်(၆)လက်မကြား နေကြာခွက်ပေါင်း ၁၁၀၀၀ ခန့်၊ (၆)လက်မမှ(၇)လက်မကြား နေကြာခွက်ပေါင်း(၁၀၀၀၀)၊ (၇)လက်မအထက်(၃၀၀၀)၊ စုစုပေါင်း ၃၁၀၀၀ ခွက် ထွက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အူရီဒူးမှအဆင့်မြင့် ဒစ်ဂျစ်တယ်ပညာရေး အစီအစဉ်ဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား သင်ကြားမှုစနစ် ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပံ့ပိုးကူညီ
Feb 18,2024
နိုင်ငံတကာဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် အူရီဒူးသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လိုအပ်သည့် နေရာများတွင် ပညာသင်ကြားရေးစနစ် ပိုမိုထိရောက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်ဖြင့် ပံ့ပိုးမြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်က Melia Yangon Hotel တွင် ကျင်းပသည့် “အူရီဒူးက ပံ့ပိုးပေး ဒစ်ဂျစ်တယ်ပညာရေး” အစီအစဉ် မိတ်ဆက်ပွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Bagan Plastic Campaign အဖွဲ့မှ ပလတ်စတစ်ကင်းစင်ရေးဆောင်ရွက်
Feb 18,2024
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ်ပလတ်စတစ်ကောက်ယူရှင်းလင်းနေလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၇နာရီခွဲအချိန်မှစတင်ကာ ညောင်ဦးမြို့မှ ပုဂံမြို့ဟောင်းသွားကားလမ်း ရွှေလိပ်တူးဘုရားမှစတင်၍ ပလတ်စတစ်သီးသန့်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ လုပ်ငန်းခွင်ပြင်ပ ထိခိုက်ဒဏ်ရာရမှုအတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး
Feb 18,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်ဒဏ်ရာရမှုအတွက် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီက မြို့နယ်လူမှုဖူလုံရေး ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ် Community Centre ခန်းမတွင် စာအုပ်မိတ်ဆက်ပွဲ ကျင်းပ
Feb 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် Community Centre ခန်းမတွင် ပန်းနုစံအိမ်စာအုပ်တိုက်မှ ဆုရဝထ္ထုတိုများ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9741
Page
9742
Page
9743
Page
9744
Current page
9745
Page
9746
Page
9747
Page
9748
Page
9749
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department