ဗဟန်းမြို့နယ် Community Centre ခန်းမတွင် စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် Community Centre ခန်းမတွင် ပန်းနုစံအိမ်စာအုပ်တိုက်မှ ဆုရဝထ္ထုတိုများ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်​နေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာ ဦးခိုင်ချစ်အောင်က အဖွင့်မှာစကား ပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်း​ဒေသကြီး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက မုဒိတာစကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ အမျိုးသားစာပေဆုရှင် ဆရာဦးအောင်သျှံဝိုင်း၊ အမျိုးသားစာပေဆုရှင် ဆရာ​မောင်ခြိမ့်၊ ပန်းနုစံအိမ် တည်ထောင်သူ စာရေးဆရာမ မြသက်နွယ်တို့ကလည်း မုဒိတာစကားများ ပြောကြားခဲ့ကြ​ကြောင်း သိရသည်။

ထို့နောက် အလှူရှင်များက အလှူငွေများ ပေးအပ်ခဲ့ကြပြီး ပန်းနုစံအိမ်မှ မုဒိတာစကား ပြောကြားခဲ့ကြသော စာရေးဆရာကြီးများအား အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ စာ​ပေချစ်သူများနှင့် ဖိတ်ကြားထား​သော ဧည့်သည်များ တက်​ရောက်ခဲ့ကြပြီး ပန်းနုစံအိမ်ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သော စာ​ရေးဆရာမ မမမီ (ရန်ကုန်တက္ကသိုလ်)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့၍ ပန်းနုစံအိမ်​၏ Group song သီချင်းဖြင့် ဆုရသူများက သီဆို​ဖျော်​ဖြေခဲ့ကြ​ကြောင်း သတင်းရသည်။

ကြည်​ဇေ​သော်