အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးစီး၍ ရေစကြိုမြို့၊ ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
Sep 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက စာရေးဆရာ ချစ်စံဝင်းရေးထားသော “ရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ ကြောင်း သိရသည်။
Sep 10,2023
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေးဘွဲ့ (၅)နှစ်သင်တန်းနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ပထမနှစ်သင်တန်း ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 10,2023
လူငယ်လူရွယ်‌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၉ ရက် နံနံက် ၉ နာရီအချိန်က  ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(မိုင်းနား)ရှိ ခန်းမ၌ ကျင်းပပြုလုပ်ရာ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က အဖွင့်အမှာစကားပြောကြားသည်။
Sep 10,2023
လူငယ်လူရွယ်‌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို   ယမန်နေ့နံနက် ၉ နာရီအချိန်က  ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(မိုင်းနား)ရှိ ခန်းမ၌ ကျင်းပပြုလုပ်ရာ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က အဖွင့်အမှာစကားပြောကြားသည်။
Sep 10,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊အထွေထွေအရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးကို စက်တင်ဘာ ၈ ရက်နေ့ မွန်းလွှဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုပန်ခရိုင်ရုံးCommunity Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 09,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေးအတွက် ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စလင်းမြို့ စျေးမရပ်ကွက်စည်ပင် သာယာပန်းခြံအနီးစလင်းစည်ပင်သာယာစျေးအနီး၊ စလင်းဆင်ဖြူကျွန်းကားလမ်းမပေါ်နှင့် စလင်း-မင်းဘူးကားလမ်းမပေါ် နတ်ကြီးစင်အနီးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
Sep 09,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြည်သူများ သက်သာချောင်ချိရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်မှစ၍ စဉ့်ကူးမြို့ပေါ်ရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် စားသုံးဆီများကို (၁)ပိဿာလျှင် (၄၉၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။