အမြို့မြို့အနယ်နယ်သတင်းများ

Mar 01,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီ၌ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာတွင် ရေရရှိရေး လုပ်ငန်းရာနူန်းပြည့် ဆောင်ရွက်ပြီးစီးသဖြင့် ရေရရှိရေး စနစ်များ အခြေပြုထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲနှင့် ရေရရှိရေး လုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 01,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ လဲဘူးကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှကြီးမှူး၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဥ်ဖြင့် တီထွင်ထုတ်လုပ်ထားသော ပြည်တွင်းထုတ် AGRO FUTURE MYANMAR တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသခြင်းကို လဲဘူးကျေးရွာ၊ ကွင်းအမှတ် (၅၅၇) တောင်သူဦးသိန်းလွင်၏ နွေစပါး (၅) ဧက၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော၊ မီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ (၄) နာရီအချိန်က မြို့မဈေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 01,2024
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် စေတနာရှင်များစုပေါင်း၍ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဖောင်တော်ဦးစေတီတော်၊ ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
Mar 01,2024
ရှမ်းပြည်‌နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြို့မဈေးအတွင်း မြို့နယ်ခွဲစည်ပင်သာယာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀:၀၀)အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ပြည်သူများအား လျင်မြန်ထိရောက်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက ကဝမြို့ဝန်ထမ်းအိမ်ယာ၌ ဆောင်ရွက်ခဲ့သည်။
Mar 01,2024
မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့တွင် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ကျောင်းသားကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် ပန်းချီပညာကိုအခြေခံမှစ၍ လေ့လာနိုင်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ကြက်ခြေနီအသင်းခွဲရုံး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။