ကြံခင်း မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စံပြဧက(၁၀၀)စပါးစိုက်ခင်းအတွင်းရှိ တောင်သူ ဦးမြင့်အောင် လယ်မြေတစ်ဧကတွင် ယမန်နေ့က နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ကျင်းပသည်။
ထိုစံပြဧက(၁၀၀)အတွင်း တောင်သူ ဦးမြင့်အောင်၏ ရွှေတစ်ချောင်းကွင်း၊ ကွင်းအမှတ် ၅၉၊ ဦးပိုင်အမှတ် ၁၂ တွင် မျိုးစေ့ချကရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးထားသော အောင်နိုင်တိုး နွေစပါးတစ်ဧက ရိတ်သိမ်းခြင်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင် ဦးတင်အောင်ဝင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်နှင့် အဖွဲ့ဝင် များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်စိုက်တိုးမြင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြသည်။
အဆိုပါ နွေစပါးစံပြကွက်ရိတ်သိမ်းရာတွင် စပါးတစ်ဧက အထွက်နှုန်း ၁၁၆ ဒဿမ ၅၂ တင်း ထွက်ရှိခဲ့ပြီး တောင်သူများ စပါးအထွက်နှုန်းလျော့နည်းမှုမရှိစေရန် အချိန်မှီ နွေစပါးရိတ်သိမ်းနိုင်ရေးတို့ကို တာဝန်ရှိသူများက လမ်းညွှန်မှာကြားပြီးနောက် စံပြဧက (၁၀၀) စိုက်ခင်းအနီး ကုန်ထုတ်လမ်းဘေးဝဲယာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)