တိုက်ကြီး မေ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် VDP စီမံကိန်းဖြင့် ကျောင်းကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသက်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် တာဝန်ရှိသူများက ကျောင်းကုန်းကျေးရွာရှိ ကျေးရွာတွင်းလမ်း အရှည် ၄၁၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ကွန်ကရစ်ခင်းလုပ်ငန်းကို နိုင်ငံတော်ထောက်ပံ့ငွေကျပ် သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေ သိန်း ၉၀၊ စုစုပေါင်း သိန်း ၂၄၀ ဖြင့် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်း ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး အဆိုပါလမ်းပြီးစီးပါက ကျေးရွာပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)