အမြို့မြို့အနယ်နယ်သတင်းများ

May 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယခုနှစ်မိုးရာသီသီးနှံများ စိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် လယ်ယာမြေ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
May 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်(၅၉)ဧကနှင့် အခြားသီးနှံစိုက်(၁၉၇)ဧကအတွက် ညောင်ဂျစ်ကျေးရွာအုပ်စု၊ ညောင်ဂျစ်ကျေးရွာအတွင်းရှိ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ငွေများထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
May 30,2024
မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် သီလဝဖလား ဖိတ်ခေါ်အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် အခမ်း အနားကို ယနေ့ နံနက် ၈နာရီခွဲက ရမည်းသင်းခရိုင် အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်သည်။
May 30,2024
မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် သီလဝဖလား ဖိတ်ခေါ်အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် အခမ်း အနားကို ယနေ့ နံနက် ၈နာရီခွဲက ရမည်းသင်းခရိုင် အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်သည်။
May 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်ကျေးရွာ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village)လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရေးသင်တန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအွမ်တန်ဟုမ်းနှင့် သင်တန်းသား၊ သင်တန်းသူများက မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာသို့ လာရောက်လေ့လာခဲ့သည်။
May 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိသာသနပါဒကကျောင်းကြီးစာသင်တိုက်၌ (၄၂)ကြိမ်မြောက် ပရိယတ္တိသာသနပါဒက စာပွဲတော် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
May 30,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မေလ(၁၉)ရက်နေ့ ည(၁၁)နာရီ(၃၅)မိနစ်အချိန်တွင် မိုးသက်လေပြင်းကျရောက်ခဲ့၍ ယာကြီးကုန်းကျေးရွာအုပ်စုရှိ သြဇာခြံကျေးရွာမှ လူနေအိမ်(၁၃)လုံး၊ လျှော်ကန်ကျေးရွာမှ နေအိမ်(၁)လုံးနှင့် ဘုန်းတော်ကြီးကျောင်း၊ သံဃာနားနေဆောင်(၁)ခုတို့ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “ဇေယျာအောင်သံ” အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 30,2024
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်သူရိန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်း အနား ကျင်းပခဲ့သည်။