မောက်မယ်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရန် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

မောက်မယ် မေ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယခုနှစ်မိုးရာသီသီးနှံများ စိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် လယ်ယာမြေ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

မောက်မယ်မြို့နယ်၌ မိုးသီးနှံများစိုက်ပျိုးရာတွင် ဆန်စပါးကိုအဓိကစိုက်ပျိုးကြပြီး တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးစေ့များထောက်ပံ့ပေးခြင်း၊ သဘာဝဓာတ်မြေသြဇာများဖြန့်ဝေပေးခြင်း၊ အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်နည်းစနစ်များ မှန်ကန်စေရန်၊ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာသုံးတတ်စေရန်နှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများကိုလည်း ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသက်နိုင်ထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)