တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ သင်တန်းသား၊ သင်တန်းသူများ လာရောက်လေ့လာ

တပ်ကုန်း မေ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်ကျေးရွာ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village)လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရေးသင်တန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအွမ်တန်ဟုမ်းနှင့် သင်တန်းသား၊ သင်တန်းသူများက မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာသို့ လာရောက်လေ့လာခဲ့သည်။

ဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village)လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည့်မေးမြန်းခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် လေ့လာရေးအဖွဲ့က ကျေးရွာတွင်း ဆောက်လုပ်ပြီးစီးသည့် အုတ်စီရေမြောင်းနှင့် ကွန်ကရစ်လမ်းအား ကြည့်ရှုခြင်း၊မန်ကျည်းနှင့် ဇီးဖျော်ရည်လုပ်ငန်းလုပ်ကိုင်နေမှုအခြေအနေများနှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ဆောင်ရွက်ထားသည့် စံပြလယ်ယာများအတွင်း စိုက်ပျိုးထားရှိမှုအခြေအနေများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်စိုးလွင်