Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တိုက်ကြီးမြို့နယ်အတွင်းရှိ သံဃာတော် ၉၉ ပါးအား မြို့နယ်လုံးကျွတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ သံဃာတော် အရှင်သူမြတ် ၉၉ ပါးအား မြို့နယ်လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၅ နာရီက အိုးတန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ မြို့နယ်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်ရပ်ကွက်၊ ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 09,2025
သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အမှုထမ်းရပ်ကွက်နှင့်ကွက်သစ်(၁) မြယာရိုး( ၁၄) လမ်းတို့၌ အဖွဲ့များခွဲ၍ယမန်နေ့ညနေပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ အခွန်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Jul 09,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက်ဥပဒေ အပါအဝင် ပြည်တွင်းအခွန်များ ဦးစီးဌာနက စည်းကြပ် ကောက်ခံလျက်ရှိသည့် အခွန်များနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်နှင့်မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်တွင် နွေစပါးအောင်နိုင်တိုးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်
Jul 09,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ နွေရာသီတွင် စိုက်ပျိုးခဲ့သော နွေစပါး အောင်နိုင်တိုး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်၊ ကွင်းအမှတ် ၉၃/က၊ ဦးပိုင်( ၁၅)တောင်သူဦးစိုးခိုင်၏ စိုက်ခင်း(၁)ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ ကျင်းပ
Jul 09,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုး တော်ဆောင်အဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကို ယနေ့ နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒက ကျောင်းကြီးစာသင်တိုက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်အတွင်း အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်စာရင်းထွက်ရှိ
Jul 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ တစ်နိုင်ငံလုံးရှိ စာဖြေဆိုခဲ့သော အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာဖြေဌာန (၂၀၆ )ဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၇)ခုတို့၌ ပထမကြီးပထမလတ်/ ပထမငယ်/ အခြေပြုမူလတန်းတို့၌ စာမေးပွဲဖြေဆိုရန် စာရင်းသွင်း သံဃာ / သီလရှင် စုစုပေါင်း ( ၆၂၅၇၂ ) ပါးတို့အနက် ဖြေဆိုသံဃာ (၄၆၄၁၄)ပါးတို့ ဖြေဆိုတော်မူရာ (၁၄၃၄၈) ပါး ဖြေဆိုအောင်မြင်တော်မူကြရာ ရာခိုင်နှုန်းအားဖြင့် ၃၁ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်တော်မူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ပဲခူးမြို့ရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများဖြင့်စည်ကား
Jul 09,2025
ယနေ့သည် ဗုဒ္ဒဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အပါအဝင် ပဲခူးမြို့ရှိ ဘုရားစေတီများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်းကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ မိုးရွာသွန်းသဖြင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၇ ဒသမ ၈ ပေခန့် ရေကျော်ကျ
Jul 09,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထားရသော ကြီးအုံကြီးဝတမံမှာ ယခုရက်ပိုင်း မိုးများရွာသွန်းလျက်ရှိမှုကြောင့် တမံအတွင်း ရေဝင်ရောက်မှုတိုးလာခဲ့ပြီး ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တမံရေပိုလွှဲမှ ၇ ဒသမ ၈ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3814
Page
3815
Page
3816
Page
3817
Current page
3818
Page
3819
Page
3820
Page
3821
Page
3822
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department