အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ကျန်းမာရေးလုပ်ငန်းများကို ကျောင်းအခြေပြုမှသည် ပြည်သူအတွင်းသို့ မူမှန်လူနေမှု ဘဝဟန်များရောက်ရှိရေး၊ အာဟာရဖွံ့ဖြိုးရေး၊ အစားအစာ အန္တရာယ်ကင်းဝေးရေးနှင့် ရောဂါကာကွယ်နိုင်ရေးတို့အတွက် ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းမှ စတင်ကာ မြို့နယ်အတွင်းရှိ အမှတ်(၇)နှင့် အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 12,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဥ်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၁ ရက် နံနက် ၇ နာရီခွဲက အင်ကြင်းဥယျာဥ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jul 12,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကဗျာရွတ်၊ ကဗျာပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်ဆုပေးပွဲကို ဇူလိုင်လ ၁၀ ရက်နေ့နံနက်(၁၀) နာရီတွင် ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jul 12,2025
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို  ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉ နာရီက  အ.ထ.က(၁)ကျောင်း၌  ပြုလုပ်ခဲ့သည်။
Jul 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ အ.ထ.ကကျောင်း၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း စာသင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 12,2025
တန်ဇန်းနီးယားနိုင်ငံ Arusha မြို့တွင် ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့သတင်းမီဒီယာကောင်စီ(WAPC)(World Association of Press Councils)၏ အထွေထွေအစည်းအဝေးနှင့် 2nd Pan-African Media Councils’ Summit 2025 သို့ တက်ရောက်ရန် ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက် တာတင်ထွန်းဦးသည် ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တန်ဇန်းနီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။
Jul 12,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အ.လ.က ချမ်းမြသာမြေကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jul 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ (၁၀) ရက်နေ့ နံနက် ၁၀ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။