ကန့်ဘလူမြို့၌ ဒေသတွင်း စိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင်စိုက်ပျိုး

ကန့်ဘလူ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဥ်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၁ ရက် နံနက် ၇ နာရီခွဲက အင်ကြင်းဥယျာဥ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို ဒေသပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်၊ လေကောင်းလေသန့်ရရှိစေရန်နှင့် အပူဒဏ်လျော့ချနိုင်စေရန် ရည်ရွယ်ချက်များဖြင့် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် စိုက်ပျိုးလျက်ရှိရာ အရိပ်ရနှစ်ရှည်ပင်များဖြစ်သည့် ကံ့ကော်ပင် ၃၀၊ တမာပင် ၁၅၀၊ ဗန်ဒါပင် ၁၀၀ နှင့် ခရေပင် ၇၀ တို့ကို မြို့နယ်သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ချပ်သင်းဘေးမဲ့တောဌာနတို့မှ ဝန်ထမ်းများ စုစုပေါင်း ၅၆ ဦးတို့က သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)