အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ချောင်းမကန်သောက် ၊ သူငယ်တော်ကန် ရေသောက်နှင့်သစ်တက်ကုန်းကန်ရေသောက် စနစ်တို့တွင် မိုးစပါး ဧက၈၀၀ စိုက်ပျိုးရန်လျာထားပြီး ယခုအခါ  ၅၅၃ဧက စိုက်ပျိုးပြီးကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Aug 06,2025
ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ အပျော်တမ်း စစ်တုရင်ပြိုင်ပွဲကျင်းပပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Aug 06,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပုလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ "စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ကို  ဩဂုတ်  ၆ ရက် နံနက်ပိုင်းက ပုလောမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ကျောင်းသား၊ကျောင်းသူ ၂၄၅၀ ခန့် ပါဝင်ဆင်နွှဲ ခဲ့ကြောင်း သိရသည်။
Aug 06,2025
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများသည် တောင်သူလုပ်ငန်းကို အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိုးရာသီကာလတွင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် သဘာဝအော်ဂဲနစ် အသီးများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်လာကြကြောင်း သိရသည်။
Aug 06,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်ရှိန်မြှင့်တင်ရေးကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာ ရဲကြီးကွေ့အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 06,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေး သဘောတရားများကို ကျောင်းသား/သူများအား သိရှိနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဗီဒီယိုမှတ်တမ်းပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 06,2025
မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားကြီ၏ မုခ်ဦးနှင့်ဓမ္မစေတီတော်များပြုပြင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ် ၆ ရက် နံနက် ၉ နာရီခွဲက မန္တလေးအောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်ရှိ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား အာရုံခံဓမ္မာရုံ၌  ကျင်းပသည်။
Aug 06,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပြီးမြောက်ရာမှ ထွက်ရှိလာသည့် ရွှေမိုက်များ မီးဖုတ်ရွှေသန့်စင်ထုတ်လုပ်သည့် မီးဖုတ်ထုတ်ယူနေသည့် လုပ်ငန်းသို့ ယနေ့ နံနက် ၁၀ နာရီက ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။