Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရပ်စောက်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၂၅၆ဝ ဦး ဖြေဆို
Mar 18,2020
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော ၂ဝ၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဆဋ္ဌမနေ့အဖြစ် ယနေ့ နံနက် ၉ နာရီက ရပ်စောက်မြို့ရှိ စာစစ်ဌာန (၉) ခုတွင် ဆက်လက် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Mobile Laboratory Van (ရွေ့လျားဓာတ်ခွဲယာဉ်) ဖြင့် လှည့်လည်၍ စားသောက်ကုန် ရောင်းချဆိုင်များအား နမူနာကောက်ယူပြီး ချက်ချင်းဓာတ်ခွဲစမ်းသပ်စစ်ဆေး
Mar 18,2020
ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများတို့ ပူးပေါင်း၍ အစားအသောက်များကို ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ/မရှိကို Mobile Laboratory Van (ရွေ့လျားဓာတ်ခွဲယာဉ်) ဖြင့် ဗန်းမော်မြို့ရှိ စားသောက်ကုန် ရောင်းချဆိုင်များ၌ အစားအသောက် နမူနာကောက်ယူ၍ ချက်ချင်း ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ဗန်းမော်မြို့ အမှတ်(၁)ဈေးနှင့် ပေါက်ကုန်း ရပ်ကွက်ရှိ ကုက္ကိုလ်တော်ဈေး၌ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အိမ်တိုင်ရာရောက်ထောက်ပံ့ကြေးလိုက်လံပေးအပ်
Mar 18,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပိုးပလေကျေးရွာအုပ်စု ခလယ့်ဒေးကျေးရွာတွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃)လ အတွက် ထောက်ပံ့ငွေများ ယမန်နေ့က ပေးအပ်လျက်ရှိကြောင်း သိရသည်။၊
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါထောက်လှမ်းရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအတွက် မိုးညှင်းခရိုင် ဆေးရုံတွင် သီးသန့်လူနာခန်း ကြိုတင်ပြင်ဆင်ထားရှိ
Mar 18,2020
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ကူးစက်ဖြစ်ပွားနေသဖြင့် ရောဂါဖြစ်ပွားမှု မရှိသေးသည့် မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မိုးညှင်းခရိုင်ရှိ ကုတင် (၁၀၀)ဆံ့ဆေးရုံတွင်လည်း အဆိုပါ ရောဂါ ထောက်လှမ်းရေးနှင့် တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် သီးသန့်လူနာခန်းအပါအဝင် ဆေးရုံသုံးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော်က ယခုလ ၁၅ ရက်နေ့တွင် ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆို မြို့မစျေးတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 18,2020
ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုများ သိရှိနားလည်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီခွဲက ဒီးမော့ဆိုမြို့မစျေး၌ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့၌ မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် COVID-19 ကူးစက်မြန် အဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးခြင်းဆောင်ရွက်
Mar 18,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မြန် အဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီက တရုတ် ဘာသာစကားစာသင်ကျောင်း၌ ပြုလုပ် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ပေါ် လူစည်ကားရာနေရာများတွင် ကျန်းမာရေးအသိပညာပေးပိုစတာများကပ်ခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 18,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)လက်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ အကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို ဆောင်ရွက်သွားနိုင်ရေးအတွက် ယမန်နေ့၊ နေ့လည်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် တွေ့ဆုံဆွေးနွေးကြပြီး မြို့ပေါ် လူစည်ကားရာ(၅)နေရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်မျာ ဖြန့်ဝေပေးကာ ပိုစတာများကို ကပ်ထားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး
Mar 18,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများသည် အ.ထ.က (၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ Eco/Bio ဘာသာရပ်ဖြေဆိုမည့်နေ့တွင် ကြီးကြပ်ရေးမှူး၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ကျောင်းသား/ သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29903
Page
29904
Page
29905
Page
29906
Current page
29907
Page
29908
Page
29909
Page
29910
Page
29911
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department