ရပ်စောက်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၂၅၆ဝ ဦး ဖြေဆို

ရပ်စောက် မတ် ၁၈

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော ၂ဝ၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဆဋ္ဌမနေ့အဖြစ် ယနေ့ နံနက် ၉ နာရီက ရပ်စောက်မြို့ရှိ စာစစ်ဌာန (၉) ခုတွင် ဆက်လက် ကျင်းပသည်။

ယနေ့ဖြေဆိုသည့် စာမေးပွဲတွင် ဘောဂဗေဒဘာသာတွဲနှင့် ဇီဝဗေဒဘာသာတွဲများကို ဖြေဆိုပြီး စီးပွားရေးဘာသာတွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျား ၈၈၉ ဦး၊ မ ၁၂၃၃ ဦး ၊ စုစုပေါင်း ၂၁၂၂ ဦးရှိရာ ကျား ၈ဝ၅ ဦးနှင့် မ ၁၁၆၅ ဦး၊ စုစုပေါင်း ၁၉၇ဝဦးတို့ ဖြေဆိုကြပြီး စာဖြေသူ ၁၅၂ ဦး ပျက်ကွက်ခဲ့သဖြင့် ရာခိုင်နှုန်းအနေဖြင့် ၉၂.၈၄ ရာခိုင်နှုန်းနှင့် ဇီဝဗေဒဘာသာတွဲတွင် စာရင်းပေးသွင်းထားသူ ကျား ၂ဝ၆ ဦး၊ မ ၄ဝ၉ ဦး စုစုပေါင်း ၆၁၅ ဦး ဖြစ်ပြီး ဖြေဆိုသူ ကျား ၁၉၅ ဦးနှင့် မ ၃၅၉ ဦးတို့ ဖြေဆိုခဲ့ရာ ပျက်ကွက် ၂၅ ဦးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၅.၅၃ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။

မူမြစော (iprd)