Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းဖြတ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Mar 30,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကိုရိုနာဗိုင်းရပ်စ် (COVID- 19)ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် တာဝန်ရှိသူများက ပြည်သူများ (COVID-19)ရောဂါ ကူးစက် ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် အများပြည်သူများ အလွယ်တကူ သိရှိ လိုက်နာ စေရေး ပညာပေး လှုံ့ဆော်ခြင်းကို ပူးပေါင်းဆောင် ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးပိုစတာ စိုက်ထူ
Mar 30,2020
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ မြို့မစျေးရှေ့တွင် ယနေ့ နံနက် (၇)နာရီ အချိန်၌ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မေသင်း ဦးဆောင်၍ COVID-19 ကာကွယ် ရေး နည်းလမ်းများ အသိပညာပေးပိုစတာ စိုက်ထူခြင်းနှင့် လက်ဆေးခြင်း သရုပ်ပြ ဆောင်ရွက် ခဲ့ကြောင်း သိရှိ ရပါသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Mar 30,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဒေသခံပြည်သူများ ကျန်းမာရေးအသိ ပိုမိုအားကောင်းလာစေပြီး ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်၈နာရီက မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး ဆောင်ရွက်
Mar 30,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ကျောက်တလုံးကြီးမြို့၊ နောင်ယာဆိုင်းကျေးရွာ စစ်ဆေးရေးဂိတ်တွင် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စီးနှင်းလာသည့် စက်တပ်မော်တော်ယာဉ်များကို ပိုးသတ်ဆေးဖြန်း ပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့ နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ကြိုတင်ကာကွယ်နိုင်ရန် ပိုးသတ်ဆေးရည်ဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်
Mar 30,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့် လူမှုကယ်ဆယ်ရေး အသင်းတို့ ပူးပေါင်း၍ လူသွား/လူလာများသော စည်ပင်သာယာမြို့မဈေးနှင့် မြန်မာ့စီးပွားရေးဘဏ် တို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေး ဖျန်းခြင်းဆောင်ရွက်
Mar 30,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေး ဖြန်းခြင်းအား ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်းသိရှိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စစ်ဆေးရေးဂိတ်များ ပြောင်းရွှေ့ဖွင့်လှစ်ထားမှု အားကြည့်ရှုစစ်ဆေး
Mar 30,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဘီပီ(၁၃)နှင့် ဘီပီ(၁၄)ဂိတ်များအပြင် အခြားလမ်းကြောင်းများမှ ပြန်လည်ဝင်ရောက်နိုင်မည့် နေရာများအား ပိတ်ဆို့စစ်ဆေးနိုင်ရန် အတွက် နမ့်မန်းကျေးရွာနှင့် မယ်ဆည်နမ်ကျေးရွာတို့တွင် စစ်ဆေးရေးဂိတ်များ ပြောင်းရွှေ့ ဖွင့်လှစ်ထားမှုအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဌေးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နေ့လယ်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့ မတ် ၃၀ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဘီပီ(၁၃)နှင့် ဘီပီ(၁၄)ဂိတ်များအပြင် အခြားလမ်းကြောင်းများမှ ပြန်လည်ဝင်ရောက်နိုင်မည့် နေရာများအား ပ…
Mar 30,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရွှေကူမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29881
Page
29882
Page
29883
Page
29884
Current page
29885
Page
29886
Page
29887
Page
29888
Page
29889
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department