Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပလောက်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်
Aug 20,2020
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရက ပုံမှန်ဝင် ငွေ မရှိသော အခြေခံအိမ်ထောင်စု များအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းမှစတင်၍ ပလောက်မြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Aug 20,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ်လ (၁၈) ရက်နေ့ နံနက်(၉) နာရီက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာအုပ်စုများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစ…
Aug 20,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ကွန်ကရစ်ဓာတ်တိုင်များအသစ် လဲလှယ်တပ်ဆင်ခြင်း ဆောင်ရွက်
Aug 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ပြည်အနောက်ရပ်ကွက် ပြည်ထောင်စုရိပ်သာ လမ်း၌ မိုးရာသီကာလများတွင် ဖြစ်ပေါ်တတ်သောလျှပ်စစ်အန္တရာယ် ကင်းရှင်းစေ ရေးနှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ကွန်ကရစ်ဓာတ်တိုင်များ အသစ် အစားထိုး လဲလှယ်တပ်ဆင်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရေး(၈၆)ကြိမ်မြောက် အစည်းအဝေး ကျင်းပ
Aug 20,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ASEAN – Business Advisory Council (ASEAN – BAC) ဥက္ကဋ္ဌ Dr. Doan Duy Khoung (ASEAN BAC Vietnam) ဦးဆောင်သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူ များပါဝင်သည့် (၈၆) ကြိမ်မြောက် ASEAN Business Advisory Council (ASEAN – BAC) အစည်းအဝေးကို ယမန်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ရာ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ
Aug 20,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက စာရေးဆရာ ဖေမြင့်ရေးသားသော "အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်၊ သံဘိုကျေးရွာ ကွင်းအမှတ် (၁၉၇၅) ရှိ ပဲစင်းငုံနှင့်နှံစားပြောင်းရောနှောစိုက်ခင်းတွင် ကော်ဖီနှံကောင်များ ကျရောက်နေကြောင်းသိရသဖြင့် မြို့န…
Aug 20,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သံဘိုကျေးရွာအုပ်စု၊ သံဘိုကျေးရွာရှိ ကွင်းအမှတ် (၁၉၇၅) ရှိ၊ တောင်သူဒေါ်စောကြည်၏ ပဲစင်းငုံ/နှံစားပြောင်း ရောနှောစိုက်ခင်းတွင် ကော်ဖီနှံကောင်များကျရောက်နေကြောင်းသိရှိရသဖြင့် ယမန်နေ့ နံနက်(၁၁:၂၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးသတ်ဆေးပက်ဖြန်းခြင်းနှင့် ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ အဆိုပါ စိုက်ခင်းအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက် ဆောင်ရွက်
Aug 20,2020
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ စာပေဖတ်ရှုသည့်အလေ့အထရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးတို့အတွက် မိုဘိုင်းစာကြည့်တိုက်ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကွင်းဆင်းငှားရမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29877
Page
29878
Page
29879
Page
29880
Current page
29881
Page
29882
Page
29883
Page
29884
Page
29885
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department