Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်မရောမြို့နယ်၌ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိအိမ်ခြေ (၁၇၀) ခန့် ရေများဝင်ရောက်
Aug 04,2020
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်၊ သြဂုတ်၂ရက် နံနက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဦးလေးကျေးရွာ၊ ငပြေမကျေးရွာနှင့် ကဒါကျေးရွာကြက်ဖတံတားများအထိ အနိမ့်ပိုင်းကျေးရွာများတွင် အိမ်ခြေ(၁၇၀)ခန့် ရေတစ်ပေခွဲစီဝင်ရောက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေး၌ ပုံမှန်ကာကွယ်ဆေးထိုး၊ တိုက်ကျွေးခြင်းဆောင်ရွက်
Aug 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို ရပ်ကွက်၊ ကျေးရွာများမှ ကလေးငယ်များအား ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်များတွင် ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် အသက် (၆)လမှ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေး ဆောင်ရွက်မည်
Aug 04,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဩဂုတ်လ (၅)ရက်နေ့မှစတင်ကာ အသက် (၆)လမှ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းဆေးရုံကြီးအတွင်း ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆေးရုံရှိတက်ရောက်ကုသနေသော လူနာများအား လွှဲပြောင်းဆောင်ရွက်
Aug 04,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ကုတင်(၂၅)ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်း ယမန်နေ့ ည ၁၂ နာရီအချိန်က မိုးရေများဝင်ရောက်မှုကြောင့် ဆေးရုံအတွင်း ရေလျှံမှုများဖြစ်ပေါ် ခဲ့သဖြင့် တက်ရောက်နေသော လူနာများအား ယနေ့ နံနက် ၃ နာရီအချိန်က လွှဲပြောင်း ဆောင်ရွက်ထားကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမ…
Aug 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးစီမံကိန်း (AIIP) စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများအတွက် စတုတ္တ အကြိမ်မြောက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသတန်း အမှတ်စဉ်(၂)သင်တန်းကို ယနေ့ နံနက်(၈)နာရီ(၃၀)မိနစ်ကစတင် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးခြင်း နမ္မတူ၌ ဆောင်ရွက်
Aug 04,2020
နမ္မတူတွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေး ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက်(၉)နာရီခွဲက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်များအတွက် ဆန်ဖိုးငွေနှင့် တစ်ကိုယ်ရည်သုံးပစ္…
Aug 04,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့သဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုအရ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ ဒုတိယတိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးသန်း၊ မြိတ်ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးထက်မြက်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်း၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့် တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစ၍ ချက်ခြင်းပင် နေအိမ်ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သော ရပ်ကွက်/ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့်အတူ ငွေနှင့် ထောက်ပံ့ပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတ၌ သဘာဝရေဘေးအန္တရာယ် ကာကွယ်ရန်အတွက် တည်ဆောက်ထားသည့် ဦးမိုးလေး ဖြတ်တာ (၁) မြစ်ရေတိုက်စားပြိုကျပြီး ရေများဝင်ရောက်
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ဧရိယာအတွင်းရှိ မြို့၊ ရွာနှင့် သီးနှံစိုက်ခင်းများ ရေကြီးရေလျှံမှုမှ ကာကွယ်ရန် ဧရာဝတီ ဟင်္သာတတာ တာမိုင် အလျား - ၁၅ မိုင် ၅ ဖာလုံကို လည်းကောင်း၊ ဟင်္သာတ - ကမ်းနားတာ တာမိုင် ၆ မိုင် ၅ ဖာလုံကို လည်ကောင်း၊ ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတ-ကမ်းနားတာကြား ရေကြီးတိုက်စားမှု ကာကွယ်ရန်၊ အင်းမပန်းတာ၊ ဦးမိုးလေး ဖြတ်တာ (၁) ၊ ဖြတ်တာ (၂)၊ ဖြတ်တာ (၃) တို့ကို တည်ဆောက်ထားရှိသည့် အနက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဦးမိုးလေးဖြတ်တာ (၁) မှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး တာတမံအတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29772
Page
29773
Page
29774
Page
29775
Current page
29776
Page
29777
Page
29778
Page
29779
Page
29780
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department