အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် COVID-19 ရောဂါပြန့်ပွားမှု မဖြစ်စေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေး
Aug 25,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင် ထွက်လျှင် Mask တပ်ဆင်သည့်အလေ့အထကောင်းရရှိစေရန်ရည်ရွယ်၍ ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အားအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီကအောင်လံမြို့ မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ ခဲ့ရသည့် လူနေအိမ် ၃ လုံးရှိ အိမ်ထောင်စုဝင်များအတွက် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေး ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်မှုရှိစေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Aug 25,2020
အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးက ကြီးမှူး၍ COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် လူသုံးကုန်လက်တွေ့လုပ်ငန်းခွင်သင်တန်းကို ပခုက္ကူမြို့နယ် အနောက်နံဂါတ်ကျေးရွာ မူလတန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီကဖွင့်လှစ်သင်ကြားသည်။
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့၌ ယမန်နေ့ မွန်းလွှဲ ၂ နာရီက ကောလင်းမြို့နယ် မီးသတ် စခန်းမှ တပ်ကြပ်ကြီး ထက်အောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးသည် မီးသတ်ယာဉ်ဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် လိုက်နာရန် စည်းကမ်းချက်များအား သတိပြုဆောင်ကြပါရန် ကောလင်းမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများအား အသိပေးနှိုးဆော်ခြင်များကို ဆောင်ရွက်ခဲ့ကြသည်။
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပဖွင့်လှစ်သော တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်းမွန်သော