အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ငါးသယံဇာတ တိုးပွားလာ‌စေရေးနှင့် ဒေသခံတောင်သူများ စပါးအပြင် ငါးမွေးမြုခြင်းဖြင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ သဘာဝရေပြင်၊ အင်းနှင့် စပါးခင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ လမ်းညွှန်မှု၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကြီးကြပ်မှုတို့ဖြင့် ယနေ့နံနက် ၉ နာရီခွဲ အချိန်က ထန်းပင်ကန်အုပ်စု သဲဖြုချောင်း သဘာဝရေပြင်နှင့် မကျီးကုန်းကျေးရွာ အုပ်စုအတွင်းရှိ စပါးခင်း ဧက ၂၀၀ အတွင်းသို့ ငါးမျိုး စိုက်ထည့်ပွဲပြုလုပ်ခဲ့သည်။
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေး အရေးပေါ်လုပ်ငန်း စီစဉ်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က ကြံခင်းမြို့ ဧရာဦးခန်းမတွင် အစီအစဉ်နှစ်ရပ်ခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကာကွယ်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အဖွဲ့ပိုင်ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ Mask တပ်ဆင်မှုရှိစေရေး နေ့စဉ်စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Aug 25,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၈)နာရီက ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အောင်မြင့်သိန်းနှင့် မြို့နယ်အတွင်းရှိ ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ ဝင်များသည် စုပေါင်းသွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဈေးများ၊ ကုန်စုံဆိုင်များတွင် အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေးလှုပ်ရှားမှု အဖြစ် အိုင်အိုဒင်းဆား ရောင်းချမှု၊ အရည်အသွေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 25,2020
သဖန်းဆိပ်ဆည် ရေသောက်စနစ်တွင် ပါဝင်သော ကင်းတပ်ရေလွှဲတမံကင်း တပ်လက်ယာ တူးမြောင်း လက်ဝဲတူးမြောင်းအပါအဝင် ကာဘိုးဆည် အတွက် စိုက်ပျိုးရေများကို ကင်းတပ်ရေ လွှဲတမံမှ ထိန်းညှိ၍ ရေများပေးဝေလျက်ရှိရာ ယမန်နှစ်က သဖန်းဆိပ်ဆည်တွင် ရေလက်ကျန် ပမာဏ နည်းပါးခဲ့သဖြင့် နွေစပါး စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့မှု မရှိခြင်း၊
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။