Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသား ကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးသင်တန်းပို့ချ
Aug 05,2020
Myanmar Network Organization for Free and Fair Elections (MYNFREL)နှင့် မိုင်းရှူး မြို့နယ် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ လူငယ်တို့ ပူးပေါင်း၍ လူငယ်များ အတွက် ဒီမိုကရေစီ နိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေး သင်တန်းကို မိုင်းရှူးမြို့၊ ရပ်ကွက်(၂)ခန်းမ၌ ပို့ချ လျက်ရှိရာ MYNFREL မှ မန်နေဂျာ ဦးမင်းသုမောင်က ပထမအကြိမ် မဲဆန္ဒရှင် လူငယ်များ ဒီမိုကရေစီ နိုင်ငံသားကောင်းနှင့် မဲဆန္ဒရှင် ဆိုင်ရာ အသိ ပညာများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ သင်တန်းတွင် ဒီမို ကရေစီ၏ အခြေခံအင်္ဂါရပ်များ၊ လူငယ်နှင့် လူမှုအသိုင်းအဝန်း အကြောင်းများ၊ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း နှင့် သရုပ်ပြ တင်ဆက်ခြင်းများ၊ ပြန်လည် လန်းဆန်းစေရန် ဂိမ်းကစားခြင်းများ ပါဝင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံကျေးလက် ကျန်းမာရေးဌာနခွဲ၌ မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် ပထမပတ် ဟောပြောပွဲ ပြုလုပ်
Aug 05,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ရွှေသောင်ယံ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကိုယ်ဝန်ဆောင် မိခင်များအား မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် ပထမပတ်ကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဆေးခန်းတွင် ဟောပြောပို့ချခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စာချုပ်ချုပ်ဆိုခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)စာချုပ် ချုပ်ဆိုခြင်း နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီ ၃၀မိနစ်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ လူကုန်ကူးမှုနှင့်သက်ငယ်မုဒိမ်းကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Aug 05,2020
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မဲဆန္ဒရှင်များ အမည်စာရင်းကြေညာထားရှိမှု ကွင်းဆင်းစစ်ဆေး
Aug 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် အမည်စာရင်းကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထား
Aug 05,2020
တမူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ ကပ်ထားကြေညာလျက်ရှိရာ မဲစာရင်းများတွင် အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင် ပြည်သူများက လာရောက်ကြည့်ရှု့ကြ၍ ပြင်ဆင်လိုသည့် အချက်အလက်များကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် နှစ်(၆၀) မြေငှားဂရန်စာရွက်စာတမ်းများ စိစစ်ရေးကိစ္စ ဆောင်ရွက်
Aug 05,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၌ နှစ် (၆၀) မြေငှားဂရန်ရရှိရေး စာရွက် စာတမ်းများ စိစစ်ဆောင်ရွက်မှုများအား ယနေ့ နံနက် ၉:၀၀နာရီ အချိန်ကစတင်ဆောင်ရွက်ခဲ့ကြပါသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28775
Page
28776
Page
28777
Page
28778
Current page
28779
Page
28780
Page
28781
Page
28782
Page
28783
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department