Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးတိုင်းဒေသကြီး ကံမမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Aug 05,2020
နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ စီးပွားရေးထိခိုက်မှု များကို ပြန်လည်ကုစားရန်အတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းများကို ကျေးလက် ဒေသဖွံ့ ဖြိုး တိုးတက်ရေး ဦးစီးဌာနမှဆောင်ရွက်လျက်ရှိရာ သရက်ခရိုင်၊ကံမမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံ ငွေစီမံ ကိန်း လွှဲပြောင်း ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက်
Aug 05,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရ ဆေးပေးခန်းနှင့် ရပ်ကွက်အလိုက် ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း အချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထားလျက်ရှိ
Aug 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အသီးသီးတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါ မဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက် ကြည့်ရှုပြီး ပြင်ဆင်ရန်ရှိသည့် အချက် အလက် များကို ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအထောက်အကူပြု (VRFP)ရန်ပုံငွေပေးအပ်
Aug 05,2020
နိုင်ငံတော်၏ ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်ကိုအထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ် တောင်သူ များ စိုက်ပျိုးမွေးမြူရေး နှင့် အသေးစားစီးပွားရေးများအတွက် လိုအပ်သောအရင်းအနှီး များရရှိစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေး အရင်းအမြစ်ရရှိရေး ဆောင်ရွက်နိုင်စေရန်တို့အတွက် ရည်ရွယ်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှဆောင်ရွက်သော ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ခြင်းကို ဩဂုတ်လ(၅)ရက်နေ့ နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်ကာလအတွင်း ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာကျောင်းများအား သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ထားမှု ရှိ/မရှိ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Aug 05,2020
<
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၊ ဝန်တွင်းကျေးရွာတွင် CERP Plan အရ စပါးမျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုး
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ဝန်တွင်းကျေးရွာတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ၂၀၂၀ မိုးရာသီ CERP Plan အရ အကျိုးဆောင်တောင်သူတောင်သူဦးသိန်းအောင်၏လယ်မြေ စံပြစိုက်ကွက်တွင် မှော်ဘီ(၂) စပါးမျိုးစေ့ထုတ် စိုက်ခင်းအား စိုက်ပျိုးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးဝင်းဦးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုး နည်းပညာများ ကူညီပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများသို့ PPE ဝတ်စုံများ ပေးအပ်လှူဒါန်း
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ရန်ပုံငွေ ရှာဖွေရေးကော်မတီမှ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းနှင့် အလယ်တန်းကျောင်းများသို့ PPE ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဗဟိုအခြေခံပညာမူလတန်းလွန်ကျောင်း ပတ္တမြားရတုခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်၌ ၂၀၂၀−၂၀၂၁ ပညာသင်နှစ် GRAGE- 4 (နောက်ဆက်တွဲ ) သင်တန်းပို့ချနေမှုအား ကြည့်ရှုစစ်ဆေး
Aug 05,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် GRADE-4 (နောက်ဆက်တွဲ) သင်တန်းပို့ချနေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထူးထူးနိုင်တို့က ယနေ့နံနက် (၁၀) နာရီက တရုတ်စုရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28773
Page
28774
Page
28775
Page
28776
Current page
28777
Page
28778
Page
28779
Page
28780
Page
28781
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department