Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စမ်းချောင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Aug 05,2020
မြို့နယ်အတွင်းရှိ လမ်းများ အဆင်ပြေစွာ သွားလာနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေမြောင်း ပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း/မြောက်ရပ်ကွက်၊ ပဒုမ္မာလမ်းအား ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လမ်းချဲ့ခြင်း၊ ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့၊ နံနက်ပိုင်းအချိန်က တာဝန်ရှိ သူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်တွင် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်၏ စီမံကိန်းလုပ်ငန်းဖြစ်သော ဦးဝတုတ်တံတား တည်ဆောက်ပြီးစီးမှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 05,2020
ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်နှင့် မြို့ရွာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်၏ စီမံကိန်းလုပ်ငန်းဖြစ်သော အမှတ်(၉)ရပ်ကွက် မြစပါယ်လမ်း ဦးဝတုတ် တံတား တည်ဆောက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ ညနေ ၄ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်းနှင့် လမ်းတံတား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများအား ထုတ်ပြန်ကြေညာသွားတော့မည်ဖြစ်
Aug 05,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ကိုဗစ်-၁၉ ကာလဖြစ်သောကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို သတ်မှတ်ရက်တွင် ကြေညာပေးရာ၌ ယခင်နှစ်များကဲ့သို့ သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာခြင်းမပြုဘဲပညာရေးဝန်ကြီးဌာနမှ ထုတ်ကြေညာထားသည့် website များ ဖြစ်သည့် www.moe.gov.mm နှင့် www.myanmarexam.org တို့တွင် ဩဂုတ်လ (၉) ရက်၊ (၀၀:၃၀) နာရီအချိန်မှစတင်ပြီး ကြည့်ရှုနိုင်ပြီး မြန်မာ့အသံလေဒီယိုအစီအစဉ်နှင့် SKYNET Education Channel တို့မှလည်း နားထောင်ကြည့်ရှုနိုင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းထုတ်ထားကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်၌ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းဖွင့်
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးအပေါ်ထိခိုက်မှု သက်သာရေး စီမံချက်(CERP)အရတိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉) နာရီအချိန်က ရွာမအုပ်စု၊ရွာမကျေးရွာ တိရစ္ဆာန်မွေးမြူရေးခြံ ၌ တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှု သင်တန်း ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနောက်မျောပါပျက်စီးဆုံးရှုံး သွားသည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်
Aug 05,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် ဩဂုတ်(၃)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနောက်မျောပါပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများ အား ယမန်နေ့နံနက် (၁၁) နာရီခွဲ က နေပြည်တော် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကျေးရွာများသို့ သွားရောက် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်အတွင်း Outdoor Fitness အားကစားပစ္စည်းများ တပ်ဆင်အသုံးပြု
Aug 05,2020
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းများ၊ ဌာနဆိုင်ရာများနှင့် လူစည်ကားရာနေရာများတွင် ကျန်းမာရေးအတွက် အသုံးပြုရန် Outdoor Fitness Equipment အားကစားပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်၏ဦးဆောင်မှုဖြင့်ဇူလိုင်မှစတင်ပြီး ပေးအပ်တပ်ဆင်ကာ ကျန်းမာရေးလှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် Cash for Work စီမံကိန်း လုပ်ငန်းခွဲ (၁၅)ခုဖြင့်ဆောင်ရွက်
Aug 05,2020
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေများရရှိစေရန် Cash for Work စီမံကိန်းကို ဖော်ဆောင်ရန် စီစဉ်လျက်ရှိရာ တမူးခရိုင်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် လုပ်ငန်းခွဲ (၁၅)ခု ကို အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိကြောင်း တမူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာခင် ၏ ပြောကြားချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ခေါင်မိုးလန်/ပြိုကျပျက်ဆီးမှုဖြစ်ပွား
Aug 05,2020
ယမန်နေ့ နံနက် ၃ နာရီအချိန်ခန့်က တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုအလိုက် အောက်ပါနေအိမ်များသည် ခေါင်မိုးလန်ခြင်း/ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့သဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့များက ကူညီထောက်ပံ့ရေးအတွက် ကွင်းဆင်းဆောင်ရွက်နေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28774
Page
28775
Page
28776
Page
28777
Current page
28778
Page
28779
Page
28780
Page
28781
Page
28782
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department