Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Aug 07,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပြုရ မည့် အကြောင်းအရာများအား ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉)နာရီက အသိပညာပေးဆွေးနွေးပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များစိုက်ထူ
Aug 07,2020
ဒေသအနှံ့အပြားတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်များ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူများ၊ ဝက်မွေးမြူရေးသမားများ၊ ဝက်လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် စီးပွားရေးထိခိုက်မှု မရှိစေရေးနှင့် ရောဂါ ပျံ့နှံ့ကူးစက်မှု မရှိစေရေးအတွက် ယမန်နေ့နံနက်(၇)နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အတွင်းရှိ အောင်မင်္ဂလာဈေးတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ ဈေးများအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များ ချိတ်ဆွဲကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်တွင် အိမ်ထောင်စု လူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 07,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို သြဂုတ် ၅ ရက်နေ့မှ ၆ရက်နေ့ အထိလောင်းလုံးမြို့နယ်၊ပန်းတင်အင်း ကျေးရွာအုပ်စုတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာသဖြင့် ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များလှူဒါန်း
Aug 07,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တတ်လာသဖြင့် ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များ လှူဒါန်း ခြင်းကို ကျွန်းမီးအုပ်စု ရွှေတောင်စုကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်အတွင်းရှိ ဈေးများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်၍ ဈေးရောင်း ဈေးဝယ် ပြုကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်
Aug 07,2020
Covid-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ လူစည်ကားရာ ဈေးများဖြစ်သော အောင်မင်္ဂလာဈေး၊ အိုင်သပြုဈေး၊ ခမောက်စုဈေးတို့ရှိ ဈေးဝယ်သူ ဈေးရောင်းသူများအား ယနေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာအဖွဲ့မှ တာဝန်ရှိသူများမှ နှာခေါင်းစည်း (Mask) တပ်ဆင်၍ ဈေးရောင်း ဈေးဝယ် ပြုကြရန် အသိပညာပေးခြင်းနှင့် Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချ
Aug 07,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်စည်ပင်သာယာရေးရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများအား ထုတ်ပြန်ကြေညာ
Aug 07,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အသက်၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသုများစာရင်းကို ဇူလိုင်လ၂၅ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများ၌ ထုတ်ပြန်ကြေညာလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ကို ပြည်သူများထံသို့ ဖြန့်ဝေပေး
Aug 07,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက ပြည်သူများထံသို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28596
Page
28597
Page
28598
Page
28599
Current page
28600
Page
28601
Page
28602
Page
28603
Page
28604
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department