Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျေးသီးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Aug 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံး၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးနိုင်ရန်အတွက် ပထမအကြိမ်မဲ ဆန္ဒရှင် စာရင်း ကပ်ထားကြေညာထားရှိမှုများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သြဂုတ် ၆ ရက် နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်တွင် ဓာတ်အားလိုင်းကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်
Aug 07,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အနောက်ပိုင်းဆေးရုံအနောက်ဘက် ဆေးငြိမ်းရပ်ကွက်ရှိ ဓာတ်အားလိုင်းပေါ်ကျနေသည့် သစ်ပင်သစ်ကိုင်းများနှင့် ရေမြောင်း လုပ်ငန်းနှင့် မလွတ်ကင်းသည့် အပင်များကို ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၊ ကျီးအိပ်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးတင်ဝင်းနှင့် မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းတွင် အမည်ပါရှိပြီး အသက် (၁၈) ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား သစ္စာစီမံချက်ဖြင့် ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ်သူများကို နှာခေါင်းစည်းများတပ်ဆင်ကြရန် အသိပညာပေး
Aug 07,2020
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကျွန်းတောဈေး၊ ကြံခင်းဈေးနှင့် ဘုရင့်နောင်ဈေးတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်သူများအား နှာခေါင်းစည်းများကို တပ်ဆင်ပေးကြရန် hand speaker များဖြင့် အသိပညာပေးလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှုအား တစ်ပတ်ထပ်တိုးပေး
Aug 07,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်စာရင်း များကို ဇူလိုင်လ(၂၅)ရက် နေ့မှစ၍ ဩဂုတ်လ(၇)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများမှ ရပ်ကွက်အလိုက်၊ လမ်းအလိုက်၊ နယ်မြေအလိုက် ပထမအကြိမ် ကပ်ထားခဲ့သည်။ ယခုအခါ ထပ်မံ၍ မဲဆန္ဒရှင်များလိုအပ်သည့် တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများကို ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ(၇)ရက် ထပ်မံ တိုးမြှင့်ကပ်ထားသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းကြေညာထားသော ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ယမန်နေ့က ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ မြေစိုက်နံရံကပ်ပြဘုတ်၌ပြသထားရှိ
Aug 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ လမ်းညွှန်ချက်များ၊ သိမှတ်ဖွယ်ရာများကို ပြည်သူများအလွယ်တကူ ဖတ်ရှု လေ့လာနိုင်ရန် ရည်ရွယ်၍ ယနေနေ့ နံနက် ၉ နာရီအချိန်က ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်၌ ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ် အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 07,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်မောင်းသူများနှင့် ဆိုင်ကယ်မောင်းနှင်သူများ အား ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ် ရှင်းလင်းအသိပေးခြင်းလုပ်ငန်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက သန်လျင်မြို့နယ် မြို့မဈေးအနီး၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28592
Page
28593
Page
28594
Page
28595
Current page
28596
Page
28597
Page
28598
Page
28599
Page
28600
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department