Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကန်ကြီးထောင့်မြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဆင်းပွဲ ကျင်းပ
Aug 07,2020
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်း မှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် ပူးပေါင်းဖွင့်လှစ်ခဲ့ သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ် လွိုင်ဆမ်ဆစ်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ငွေကျပ်သိန်း (၃၀၀) ထုတ်ချေး
Aug 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အား COVID-19 ကာလအတွင်း ပြည်သူများ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ကို မောက်မယ်မြို့နယ် ၊ ပန်းတန်ကျေးရွာအုပ်စု ၊ လွိုင်ဆမ်ဆစ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေသခံပြည်သူ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ ငဝန်မြစ်ရေ စိုးရိမ်ရေအမှတ်အထက် တစ်ပေခန့်ကျော်လွန်ရောက်ရှိ၊ ရေကာတာ ထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်းစောင့်ကြပ် ဆောင်ရွက်
Aug 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ရေသည် မြို့နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (၁၁၈၂) စင်တီမီတာ စိုးရိမ်ရေအမှတ်အထက် (၂၂)စင်တီမီတာ၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၏ ငဝန်ရေကာတာရေအမှတ် (၂၉) ပေ၊ ရေကာတာစိုးရိမ်ရေအမှတ်အထက် (၁)ပေခန့် ကျော်လွန်ရောက်ရှိလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့ မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်ဝန်းအတွင်း၌ ပျံကျဈေးသည်များအား ယာယီဈေးရောင်းချခွင့်ပေး
Aug 07,2020
လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် လွိုင်လင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ဟင်းသီးဟင်းရွက်များ စနစ်တကျရောင်းချဝယ်ယူနိုင်ရေးအတွက် ပင်လုံမြို့ မဟာရဋ္ဌာဘိသာမဂ္ဂီ စေတီတော်ဝန်း အတွင်း၌ ယမန်နေ့ ညနေပိုင်းမှစ၍ ယာယီပျံကျဈေး သတ်မှတ်၍ စနစ်တကျ ရောင်းချခွင့်ပြုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူး၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 07,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အမှတ်(၁)ရပ်ကွက်၊ မြဝတီလမ်းရှိ 500KVA TR ချို့ယွင်းသွား၍ YESC မှ မီးစက်ဖြင့် ပုံမှန်ဓာတ်အားပေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အမှတ်(၁)ရပ်ကွက်၊ မြဝတီလမ်းရှိ 500KVA TR ချို့ယွင်းသွား၍ လျှပ်စစ်မီးရရှိရေး၊ အချိန်မီပြီးစီးနိုင်ရေးအတွက် YESC မှ မီးစက်ဖြင့် ပုံမှန်ဓါတ်အားပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေး လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်
Aug 07,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် အရဆောင်ရွက်သွားမည့် Cash for Work စီမံကိန်းနှင့်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများကို စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများထံ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28593
Page
28594
Page
28595
Page
28596
Current page
28597
Page
28598
Page
28599
Page
28600
Page
28601
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department