အမြို့မြို့အနယ်နယ်သတင်းများ

Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းများ ရှင်သန်လှုပ်ရှားမှုတိုးမြှင့်လာစေရန် မြို့နယ် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင် အသက်(၆)လမှ ၅နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းနှင့် အသက်(၂)လမှစ၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဩဂုတ်လ (၇)ရက်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Aug 07,2020
မွန်ပြည်နယ်၊ မော်လမြိုင်၌ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဂုဏ်ပြုလွှာပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 07,2020
ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Covid - 19 ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေးအတွက် ဝက်မွေးမြူရေးသင်တန်းကို အနိုင်းပွန်ကျေးရွာအုပ်စု တောင်ကလေးကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် မူကြိုကျောင်းလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
Aug 07,2020
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် (Grade-4)သင်ရိုးသစ် မြို့နယ် အဆင့် Face to Face နောက်ဆက်တွဲ ဆင့်ပွားသင်တန်းကို လယ်ပြင်ရပ်ကွက်ရှိ မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယမန်နေ့ နံနက် ၉ နာရီကစတင်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။
Aug 07,2020
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အ‌ထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းဝင်ကျေးရွာ‌များအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။