ရန်ကင်း ဇွန် ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှုမဖြစ်ပေါ် စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် အတွက် ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းကို အပါတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ်(၁၆)ရပ်ကွက် မြောက်မြင်းပြိုင်ကွင်းလမ်း ရှိရေမြောင်းများအတွင်း အမှိုက်များ၊ နုံးများ ဆယ်ယူရှင်းလင်းနေမှုနှင့် လူသွားစင်္ကြံပေါ်တွင် ကျန်ရှိ သည့်သဲများ၊ နုံးများ ပြန်လည်ဆေးကြောနေမှု လုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်း ရှင်းလင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်နေမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် စည်ပင်သာယာကော်မတီအဖွဲ့ဝင်များ ရန်ကင်းမြို့နယ်မှ တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
လှလှထွေး