အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပေးပို့လှူဒါန်းသော PPE ဝတ်စုံနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့ညနေ ၃ နာရီအချိန် က အဆိုပါဆေးရုံ၌ လှူဒါန်းခဲ့ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
Jul 27,2021
မေး။   ။ မိုင်းယောင်းမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ လက်ရှိဖြစ်ပွားနေမှု အခြေအနေများကို ဖြေကြားပေးပါအုံး ခင်ဗျာ။ ဖြေ။    ။ ကျွန်တော်ကတော့ မိုင်းယောင်းမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှာဆိုရင် ကိုဗစ်-၁၉ ဒုတိယလှိုင်း ဖြစ်ပွားစဉ်ကာလအတွင်းက ၄-၁၂-၂၀၂၀ ရက်နေ့ကနေပြီးတော့မှ ၁၆-၁-၂၀၂၁ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးတွေ့လူနာပေါင်း (၁၆) ဦးရှိခဲ့ပါတယ်။ ယခုကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားစဉ်ကာလမှာ ၅-၇-၂၀၂၁ ကနေပြီးတော့မှ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ မိုင်းယောင်းမှာ(၈)ဦးနှင့် မိုင်းယုမှာ(၂)ဦး စုစုပေါင်း (၁၀)ဦး ရှိပါတယ်။
Jul 27,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နေ့ ညနေ (၅)နာရီအချိန်ခန့်က ကွမ်ရိုက်ကျေးရွာနှင့် ကဒါကျေးရွာတို့တွင် တောင်မြေပြိုကျမှု များဖြစ်ပေါ် လျက်ရှိပြီး မြေပြိုကျခြင်းကြေင့်အမျိုးသမီးတစ်ဦးပျောက်ဆုံးနေပြီး အိမ်ခြေ(၃)လုံးပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။
Jul 27,2021
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သည် သောင်ရင်းမြစ်နှင့် နယ်နိမိတ်ပိုင်းခြားထားပြီး ယမန်နေ့ ညပိုင်းက မိုးသည်ထန်စွာ ရွာသွန်း၍ အဆိုပါ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများတွင် ရေကြီးမှုဖြစ်ပွားခဲ့သည်။
Jul 27,2021
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်ပေးလျှက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိ/မြို့ဖစေတနာရှင် မိသားစုက ယမန်နေ့က ကူညီထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jul 27,2021
ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်သူနှင့် ချောင်းဆိုရင်ကြပ်ခြင်းတို့ဖြင့် လာရောက်ပြသခဲ့သူများ၊ ကိုဗစ်ပိုးတွေ့ရှိခဲ့သူ နှင့် ထိတွေ့ဆက်စပ် ခဲ့သူများ(၄၇)ဦး တို့ကို RDT Test kit ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၂)ဦးထပ်တိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
Jul 27,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ဇရပ်ဖြူကျေးရွာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းအမှတ်(၁၆၀) တောင်သူ ဦးမြင့်သိန်းကို၏ လယ်မြေ (၁)ဧကတွင် ယနေ့နံနက်(၈)နာရီခွဲက ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုး မှုသရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။