Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးနှင့်အဖွဲ့ မိုင်းဖြတ်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆ…
Mar 03,2020
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံသည် မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးစိုင်းကျောက်၊ ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ လိုက်ပါသည့် အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် အ.ထ.က(မိုင်းဖြတ်) ကျောင်း နှင့် အ.ထ.က (ဟိုနား) ကျောင်းများရှိ (၂)ထပ် ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့တွင် မြေအသုံးချဓာတ်ခွဲခန်း၊ မျိုးစေ့ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းများ ဖွင့်လှစ်
Mar 03,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မူဆယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဒေါ်နန်းလွင်လွင်စိန်မှ ဦးစီး၍ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြေအသုံးချဓာတ်ခွဲခန်း၊ မျိုးစေ့ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် မူဆယ်မြို့၊ (၁၀၅)မိုင်၊ မိုင်းယု၊ စိုက်ပျိုးရေးရုံးဝန်း၌ ပြုလုပ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး နယ်စပ်ဒေသ တောင်ပေါ်ကျေးရွာသို့ သွားရောက်၍ အသိပညာပေး ဟောပြောပွဲပ…
Mar 02,2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ တာချီလိတ်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့သည် လွယ်တော်ခမ်းကျေးရွာအုပ်စု ဗာလကျေးရွာသို့ ယနေ့ နံနက် ၁၀ နာရီအချိန်က သွားရောက်ပြီး မီးခိုးမြူ ငွေ့ ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့်အခြား အကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Mar 02,2020
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကာ “ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk) ကို ယနေ့ နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံခြားသား ခရီးသွားဧည့်သည်များ တာချီလိတ်နယ်စပ်မှ တစ်ပတ်အတွင်း ၁၅၂၈၄ ဦးဝင်ရောက်လည်ပတ်
Mar 02,2020
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၁၅၂၈၄ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ပြုလုပ်နည်း သင်တန်းဆင်းပွဲ ကျင်းပ
Mar 02,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအတွက် အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများပြုလုပ်နည်း အခမဲ့ သင်တန်းဆင်းပွဲကို ဘန်ရူးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19) အသိပညာပေးဟောပြော
Mar 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိ ဌာနဆိုင်ရာများ အဖွဲ့သည် ကျေးလက်နေပြည်သူများအား သဘာဝသစ်တောထိန်းသိမ်းမှုရှိစေရေး၊ ကျန်းမာရေးတွက် ကြိုတင်ကာကွယ်မှု ရှိစေရေးအတွက် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19 ) အသိပညာပေး ဟောပြောပွဲကို ရပ်ကွက်နှင့် ကျေးရွာများတွင် စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မွန်ကာကျောင်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ အ.မ.က ကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ကုသခြင်းတွင် အသုံးပြုရန် Cold Coagulation Machine ပေးအပ်လှူဒါန်း
Mar 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ကုသခြင်းတွင် အသုံးပြုရန် Cold Coagulation Machine ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25976
Page
25977
Page
25978
Page
25979
Current page
25980
Page
25981
Page
25982
Page
25983
Page
25984
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department