Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှိုင်းဘွဲမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်စိုက်ခင်းများ ပိုးမွှားကျရောက်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်
Aug 14,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ သမ္ဘာန်ကျေးရွာ၊ ဒိုင်းပြကျေးရွာရှိ မျိုးစေ့ထုတ်စိုက်ခင်းများအတွင်း ပိုးမွှားအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ် သမဝါယမဦးစီးဌာနမှ အသင်းသားများအား ကြက်သွန်ဖြူနှင့် အာလူးများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာန မှ အခြေခံသမဝါယမအသင်းများရှိ အသင်းသားများအား ကြက်သွန်ဖြူနှင့် အာလူးများကို မြို့နယ်သမဝါ ယမဦးစီးဌာနရုံးတွင် ယမန်နေ့ နေ့လယ်(၁၂)နာရီက စားသုံးသူများအား ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကိုဗစ်-၁၉ အထူးချေးငွေများကို ကျေးရွာ အုပ်စု (၅၂) အုပ်စုသို့ထုတ်ချေးပေးပြီးဖြစ်…
Aug 14,2020
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကိုဗစ်-၁၉ အထူးချေး ငွေ အနေဖြင့် တောင်သူဦးရေ( ၆၁၄၄ ) ဦးအား ငွေကျပ်သိန်း( ၁၅၃၈၅.၀၀) သိန်းထုတ် ချေးပြီး ဖြစ် ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Aug 14,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ အတွက် ထောက်ပံ့ကူညီသော ထောက်ပံ့ငွေများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ အိမ်ထောင်စုများထံ သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နေမှု အခြေအနေအား တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှု
Aug 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် Covid-19ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အထူးဂရုစိုက်ဆောင်ရွက်လျက်ရှိရာ
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့၌ လုံးပတ် (၅) ပေခန့်ရှိသောသစ်ပင်မှ လျှပ်စစ်ဓါတ်ကြိုးပေါ်သို့လဲကျခဲ့သဖြင့် ဓါတ်တိုင် (၅) တိုင်ကျိုး
Aug 14,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ အမှတ် (၄) ရပ်ကွက်တွင် ယမန်နေ့နံနက် ၃ နာရီအချိန်က သံတောင်မြို့မှ ဘောဂလိမြို့သို့သွားသော ကားလမ်းမိုင်တိုင်အမှတ် (၁၃/၃) နှင့် (၁၃/၄) ကြား ကားလမ်းဘေးညာဘက်ခြမ်းတွင် လွန်ခဲ့သော (၂) ရက်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေများစိုစွတ်ပျော့အိလာသဖြင့် လုံးပတ် (၅) ပေခန့်ရှိသော ညောင်ကုလားပင်မှာ ကားလမ်းပေါ်သို့လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ဒေသဖွံ့ဖြိုးရေး…
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ သည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းထွန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းလေးတို့က အဖွင့် အမှာစကားများ ပြောကြားခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Aug 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အားကစားကွင်း ဧရိယာအတွင်းတွင် ကောင်းသစ်ဟိန်း ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် အလျား(၂၄၉)ပေ အနံ(၁၉၀)ပေ အမြင့်(၅၇)ပေရှိ ဖူဆယ်အားကစားရုံ (Multi Purpose) ဆောက်လုပ်နေမှုနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေခွင့်ပြု ချက်ဖြင့် KSWA Co.Ltd မှ တာဝန်ယူဆောက်လုပ်နေသည့် အလျားပေ(၁၀၀) အနံပေ(၃၀) RC ၂ ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေ မှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25966
Page
25967
Page
25968
Page
25969
Current page
25970
Page
25971
Page
25972
Page
25973
Page
25974
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department