ဗိုလ်တထောင်မြို့နယ် သမဝါယမဦးစီးဌာနမှ အသင်းသားများအား ကြက်သွန်ဖြူနှင့် အာလူးများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ဗိုလ်တထောင် ဩဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာန မှ အခြေခံသမဝါယမအသင်းများရှိ အသင်းသားများအား ကြက်သွန်ဖြူနှင့် အာလူးများကို မြို့နယ်သမဝါ ယမဦးစီးဌာနရုံးတွင် ယမန်နေ့ နေ့လယ်(၁၂)နာရီက စားသုံးသူများအား ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဒေသထွက် ကြက်သွန်ဖြူ(ဥတစ်လုံး) (၉၀)ပိဿာနှင့် အာလူး(အလတ်စား) (၁၈၀)ပိဿာ တို့ကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးရီ ဦးဆောင်၍ အခြေခံသမဝါယမ အသင်းများရှိ အသင်းသားများနှင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချခဲ့ရာ လတ်ဆတ်ပြီး ဈေးနှုန်း ချိုသာသည့်အတွက် ရောင်းချပေးသူများကို ကျေးဇူးတင်ကြောင်း ကြက်သွန်ဖြူ(ဥတစ်လုံး)ကို ပိုမို ကြိုက်နှစ် သက်ကြောင်း အခြေခံသမဝါယမအသင်းသား တစ်ဦးဖြစ်သူ ဦးသက်ဦးက ပြောကြားခဲ့ ကြောင်း သိရှိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)