နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကိုဗစ်-၁၉ အထူးချေးငွေများကို ကျေးရွာ အုပ်စု (၅၂) အုပ်စုသို့ထုတ်ချေးပေးပြီးဖြစ်

နတ်မောက်  သြဂုတ် ၁၄

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကိုဗစ်-၁၉ အထူးချေး ငွေ အနေဖြင့် တောင်သူဦးရေ( ၆၁၄၄ ) ဦးအား ငွေကျပ်သိန်း( ၁၅၃၈၅.၀၀) သိန်းထုတ်ချေးပြီးဖြစ်ကြောင်းသိရသည်။

နတ်မောက်မြို့နယ်တွင် တောင်သူများအား ကိုဗစ်-၁၉ အထူးချေးငွေထုတ်ချေးမှုနှင့်ပတ်သက်၍ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာ  ဒေါ်မိုးမိုးသိန်းက  “မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေအပြင် ကိုဗစ်-၁၉ အထူးချေးငွေကို နိုင်ငံတော် ၏ မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ကြောင့် တောင်သူများအား လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင်အဆင်ပြေစေရန်  အတွက် လယ်ယာတစ်ဧက လျှင် ငွေကျပ် (၅၀၀၀၀)နှုန်း ဖြင့် ဇူလိုင်လ (၁) ရက်နေ့မှစတင်၍ ထုတ်ချေးခဲ့ရာ ကျေးရွာအုပ်စု ( ၅၂ ) အုပ်စု မှ တောင်သူဦးရေ (၆၁၄၄ ) ဦးသို့(၃၀၇၇၀ )ဧက အတွက် ချေးငွေကျပ်သိန်း ပေါင်း ( ၁၅၃၈၅.၀၀ )သိန်းထုတ်ချေးပြီး ဖြစ်ပါ တယ်ဟု ပြောသည်။

အဆိုပါထုတ်ချေးငွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်းတောင်သူ များအနေ ဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ  လုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေစေရန် အတွက် ကိုဗစ်-၁၉ အထူးချေးငွေအဖြစ်ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ဝင်းမေထွန်း (နတ်မောက်)