အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ကာလ ဆရာတော် သံဃာတော်နှင့် သီလရှင်ကျောင်းတိုက်များအား ဆွမ်းကွမ်းပြည့်စုံမှုရှိစေရန် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ယမန်နေ့က သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Sep 08,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်  ဌာနဆိုင်ရာ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပြည်သူများသိရှိရန် အသိပညာပေး လက်ကမ်း စာစောင်များနှင့် ပိုစတာများကို ယနေ့နံနက်ပိုင်းက အမှတ်-၂၀အခြေခံပညာအထက်တန်း ကျောင်းဝန်း  ကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးထိုးရန်လာရောက်သည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Sep 08,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင်ကိုဗစ်-၁၉ကာလအတွင်း ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ဆီ၊ကြက်သွန်၊ကြက်ဥ တို့ကိုဈေးနှုန်းသက်သာစွာဖြင့် မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄)အုပ်စုသို့ မိုဘိုင်းကားဖြင့် လှည့်လည်ရောင်းချခဲ့ကြောင်း သိရသည်။
Sep 08,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး မှ ဦးစီးအရာရှိ ဦးမျိုးတင့်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် (၁၁) နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် ဆုံမကျီးပင်ကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 08,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 08,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
Sep 08,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို စက်တင်ဘာလ ၆  ရက်နေ့က  ကျန်းမာရေးဒေသန္တရဆေးခန်းနှင့် (၂၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 08,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဟိုဂျစ်ကျေးရွာနှင့် လယ်တောကျေးရွာတို့တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။