အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ်တွင် သြဂုတ်လ(၁)ရက်နေ့မှ စက်တင်ဘာလ   (၇) ရက်နေ့အထိ(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား  ဩဂုတ်လ(၂၈)ရက်နေ့မှ   စ၍ စက်တင်ဘာလ (၇)ရက်နေ့အထိ( ဒုတိယအကြိမ်) ကိုဗစ်ကာကွယ် ဆေးကို ပြန်လည်ထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွား (၂၄၈၉)ဦး၊ ကျန်းမာရေးဝန်ထမ်း(၂၂)ဦး၊ စေတနာ့ဝန်ထမ်း (၄၄၉)ဦး၊ ဘုန်းကြီး၊သီလရှင်( ၄)ဦး၊ နိုင်ငံဝန်ထမ်း( ၆)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု( ၂၀)ဦး၊ စုစုပေါင်း  (၂၉၉၀)  ဦးအား ကာကွယ် ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှသိရသည်။
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန က ၂၀၁၆ - ၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဖိုစွတ်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျေးရွာဘုန်းတော်ကြီး ကျောင်းဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ယနေ့နံက် ၉ နာရီက အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းမှ စားသောက်ကုန်များပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Sep 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်အတွင်း ယမန်နေ့နံနက်ပိုင်းက မိုးများ သည်းထန်စွာရွာသွန်းမှုကြောင့် နမ့်မော်ဆွေကျေးရွာအုပ်စု၊ နောင်နင်းကျေးရွာအတွင်း တောင်ကျရေများ ကျဆင်းပြီး ကျေးရွာအတွင်း စီးဆင်းသည့် ချောင်းရေလျှံကာ နေအိမ်များအတွင်းသို့ ရေများဝင်ရောက် ခဲ့ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Sep 08,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး  အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်အတွင်းလှည့်လည် နှိုးဆော်ခြင်း ကိုဆောင်ရွက်ခဲ့သည်။
Sep 08,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြေအောက်ရေ၊ ချောင်းရေတို့ဖြင့် မိုးစပါး ၁၄၄၁ ဧကခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်း ထံမှ သိရသည်။
Sep 08,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို စက်တင်ဘာ ၇ ရက်က ရပ်ကွက်နှင့် ကျေးရွာများ အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။