အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထူး၊ ဦးဆောင် သောဝန်ထမ်းများအဖွဲ့က မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ ပြုလုပ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့အထိ ဒေသခံပြည်သူ( ၁၀၆၃ )ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထူးထံမှ သိရသည်။
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယနေ့ နံနက်(၉)နာရီမှစတင်၍ အသက်၆၅နှစ်အထက် ဘိုးဘွားများအား(ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျှက်ရှိ ကြောင်းသိရှိရသည်။
Sep 08,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် မိုးရာသီ ၊ မိုးသီးနှံများ စိုက်ပျိုးရာတွင် တောင်သူလယ်သမားများ အဆင်ပြေစေရေးအတွက် ယနေ့နံနက် ၉ နာရီက ရွှေဟင်္သာ ခန်းမ၌ စိုက်ပျိုးရေး စရိတ်ချေးငွေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးသည်။
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန်၊ ကုန်ဈေးနှုန်းများ ကျဆင်း စေရန်နှင့် ဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားဈေးကားစနစ်ဖြင့် အခြေခံ စားသောက်ကုန်များ    ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ရွှေပြည်သာမြို့နယ်အတွင်းရှိ ထန်းခြောက်ပင် (ပတ္တမြား)ဈေးနှင့် လှော်ကား(နီလာ)ဈေးတို့တွင် ရောင်းချခဲ့သည်။
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်ပူးပေါင်းအဖွဲ့က ရွေ့ လျားယာဉ်ဖြင့်အခမဲ့ ကိုဗစ်-၁၉ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကတောင်တွင်းကြီးမြို့နယ် အတွင်းရှိကျေးရွာများမှဒေသခံကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေရေး RDT ( Test Kits ) ဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းများကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Sep 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ်(ဧပြီ၊မေ၊ဇွန်)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Sep 08,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အမှတ်(၂၀၈)ခြေမြန်တပ်ရင်းမှအရာရှိ၊ အရာခံ၊ စစ်သည်များနှင့် မိသားစုဝင်များ၏ အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီကအမှတ်(၂၀၈)ခြေမြန်တပ်ရင်းခန်းမ၌ ပြုလုပ် ပေးခဲ့သည်။
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌  တတိယလှိုင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာတွင် ရပ်ကွက်/ကျေးရွာပြည်သူများသည် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့ခြင်း၊ အနံ့မရခြင်း၊ ဖျားနာခြင်း လက္ခဏာများ ဖြစ်ပေါ်ခံစားရ၍  မြို့နယ်ပြည်သူ့ဆေးရုံသို့          လာရောက်ကာ  RDT Test Kit ဖြင့် ဆေးစစ်မှုကိုခံယူကြပြီး ရောဂါပိုးတွေ့ ( Positive ) လူနာများကို        ဒီပဲယင်းမြို့ ပြည်သူ့ဆေးရုံ စိန်ကြည်ဆေးကုသဆောင်တွင် ထားရှိ၍ ကျန်းမာရေးဝန်ထမ်းများက  နေ့စဉ်အနီးကပ်ကြပ်မတ် ကုသပေးလျှက်ရှိကြောင်းသိရသည်။