အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2021
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းအသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများ ၊ အစိုးရ / ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ ၊ စေတနာဝန်ထမ်းများ ၊ နိုင်ငံဝန်ထမ်းများ ၊ သာသနာ့ဝန်ထမ်းများ ၊ ၊ နိုင်ငံဝန်ထမ်းမိသားစုများ ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ ၊ ပုဂ္ဂလိကစက်ရုံ / အလုပ်ရုံ  ဝန်ထမ်းများ ၊ အကျဉ်းသား/ အချုပ်သားများ ၊  ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များ ၊ စူပါမား များနှင့်ဈေးများ မှဝန်ထမ်းများအား အ.ထ.ကကော့မှူး ၊အ.ထ.က နတ်စင်ကုန်း ၊ အ.ထ.ကငှက်အော်စမ်း ၊ အ.ထ.က မှော်တော ၊ အ.ထ.ကကျိုက်ထော် ၊ အ.မ.က ကျိုက်ထော် ၊   အ.ထ.က ဝါးဘလောက်သောက် စသည့် ဆေးထိုးစုရပ်များတွင် စက်တင်ဘာ ၁ရက်နေ့မှ စတင်၍ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 12,2021
ယမန်နေ့ နံနက်  ၈ နာရီက  ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် Mask Campaign ပြုလုပ်ခဲ့သည်။
Sep 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိုက်ဟိုင်းကျေးရွာအုပ်စု ၊ဆဲဖယ်ရွာဟောင်း၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
Sep 12,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ Stay at Home ကာလ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မဖြစ်မနေ အပြင်ထွက်သွားလာရသူများအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာစေရေး စက်တင်ဘာ ၁၂ ရက်က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Sep 12,2021
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင်၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) RCC (၃) ထပ်အဆောက် အဦဆောက်လုပ်နေမှုကို ယနေ့ နံနက်(၉) နာရီ အချိန်ခန့် က တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိနှင့်မြို့ နယ်အရည်အသွေး စစ်ဆေးရေးကော်မတီတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 12,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် အသက်(၆) နှစ်အထက်ရှိသည့် ပြည်သူများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံ ဆောက်လုပ်ရေး လု်ငန်းရှင် များအသင်းချုပ်မှ ဗီတာမင် D3 ဆေးရည်တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် စတင်တိုက်ကျွေးလျက် ရှိကြောင်း သိရသည်။
Sep 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယမန်နေ့က စစ်ဆေးချက်အရ ကျောက်မဲခရိုင်မြန်မာ့စီးပွားရေးဘဏ်ခွဲ ဝန်ထမ်း ၅ ဦးနှင့် ဘဏ်ဝန်ထမ်းမိသားစုဝင် ၁ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့သောကြောင့် အဆိုပါမြန်မာ့စီးပွားရေးဘဏ်ကို စက်တင်ဘာ ၁၇ ရက်နေ့အထိ ခေတ္တပိတ်သွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။