ရသေ့တောင် စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် အသက်(၆) နှစ်အထက်ရှိသည့် ပြည်သူများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံ ဆောက်လုပ်ရေး လု်ငန်းရှင် များအသင်းချုပ်မှ ဗီတာမင် D3 ဆေးရည်တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် စတင်တိုက်ကျွေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများရှိ နေရပ်စွန့်ခွာခိုလှုံနေကြသည့် အသက်(၆)နှစ်နှင့် အထက်ရှိ သည့်ပြည်သူများအား မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များများအသင်းက ကူညီထောက်ပံ့သည့် ဗီတာမင် D3 ဆေးရည်တိုက်ကျွေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အာဟာရဖွံ့ဖြိုး တိုးတက်ပြီး ကိုယ်ခံအား ကောင်းမွန်စေရေး ရည်ရွယ်ပြီး တိုက်ကျွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗီတာမင် D3 ဆေးရည်များကို ရသေ့တောင်လူငယ်များအဖွဲ့အစည်း (Rathedaung Youths Association)၊ ရသေ့တောင်လူငယ်ကွန်ယက်၊ မေယုဒေသပရဟိတအဖွဲ့နှင့် ကြက်ကြေနီ တပ်ဖွဲ့တို့က မြို့ပေါ်ရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် နေရပ်စွန့်ခွာ ခိုလှုံနေကြသည့် ပြည်သူတို့အား တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)