ပန်းတနော်မြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များအတွက် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်း

ပန်းတနော်၊ စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာသိရီ အကျိုးဆောင်၍ Taiwan Dana Group အလှူရှင် မိသားစုတို့က လှူဒါန်းသော Oxygen Flowmeter အိုး( ၁၆)အိုးအား ပန်းတနော်မြို့နယ် အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များအတွက် ခွဲဝေလှူဒါန်းပေးခြင်းကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီက အောင်သပြေ ဘိုးဘွားရိပ်သာ မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကြွရောက်လာတော်မှုကြသော ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင် မိသားစုတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်၍ ပန်းတနော်မြို့နယ် သီဟိုဋ်ကျောင်း တိုက် ဆရာတော်ဘဒ္ဒန္တဇိနဝံသမှ ငါးပါးသီလတရားတော်ချီးမြှင့်ပေးခဲ့ကာ မင်္ဂလာမဏ္ဍိုင်ကျောင်း တိုက် ဆရာတော်ဘဒ္ဒန္တပညာသိရီက အောက်ဆီဂျင်အိုးများလှူဒါန်းရခြင်းနှင့်ပတ်သက်၍ မိန့်ကြား တော်မှုခဲ့သည်။ ထို့နောက်  Taiwan Dana Group အလှူရှင်မိသားစုတို့က လှူဒါန်းသော Oxygen Flowmeter အိုး(၁၆)အိုးအား ပန်းတနော်မြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များအား ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်အိုးများလှူဒါန်းရာသို့ ပန်းတနော်မြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ အတွင်းရေးမှူးရဲမှူးကျော်ဇင်၊အဖွဲ့ဝင်(၁) ဗိုလ်မှူးဇေယျာမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင် မိသားစုနှင့် တရားနာကြွရောက်လာကြသော ဒယကာ/ဒယိကာမများက  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)