အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ ဟိုခိုပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကူစက်ပြန့်ပွားမှု မရှိစေရေးအတွက် RDT Test-Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ စာသင်တိုက်တွင် ဆောင်ရွက်ပေးခဲ့သည်။
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦး ပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အကူအညီလိုအပ်သော ပြည်သူများထံ အိမ်အရောက် သွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းအား အမှတ်(၃) ရပ်ကွက်ရှိ လေးမျက်နှာဇာတ်ရုံတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ပြီး ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဩဂုတ်လ ၂၇ ရက်နေ့မှ ယမန်နေ့ အထိ (၄၄၂၄) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
Sep 14,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တက် ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကျား ၉၃ ဦး၊ မ ၉၂ ဦးကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆေးရုံဆင်းခွင့် ပြုခဲ့ကြာင်း ညောင်ဦးခရိုင်၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံက သိရသည်။
Sep 14,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အနံပျောက် ဝေဒနာခံစား နေရသူများ ကို Mobile Test Kit ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၆)ဦး တွေ့ရှိခဲ့သဖြင့် အတည်ပြု လူနာ(၁၅၅၃)ဦး အနက်မှ (၁၀၀၁)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး သေဆုံးသူ(၁၀၁)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ သရဖီလမ်းကို မြေသားလမ်းမှ ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင်မှု ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။
Sep 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကပြသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။